ရုရှား vs ဆော်ဒီအာရေဗျ ပွဲကြိုအချက်အလက်

ရုရှား vs ဆော်ဒီအာရေဗျ ပွဲကြိုအချက်အလက်

ပွဲစဉ် - ရုရှား vs ဆော်ဒီအာရေဗျ (Group A)ပွဲချိန် - ည ၉း၃၀၊ ကြာသပတေးနေ့ (မြန်မာစံတော်ချိန်)နေရာ - Luzhniki Stadium, Moscow, RussiaPaul Merson Predicts: 1-0 (4/1 with Sky Bet)

ပွဲကြိုအချက်အလက်

(၁) ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ နှစ်သင်းဟာ ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး ဆောဒီအသင်းက အိမ်ကွင်းခြေစမ်းပွဲမှာ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

(၂) ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှားအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခဲ့တဲ့ ၃ ကြိမ် (၁၉၉၄၊ ၂၀၀၂၊ ၂၀၁၄)မှာ ရှုံးထွက်အဆင့်ကို ဘယ်တော့မှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ ၃ ကြိမ်စလုံးမှာ အုပ်စုအတွင်း အဆင့် ၃ နေရာနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

(၃) ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်မှာ ဆုဖလားကိုင်မြှောက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပတဲ့ နောက်ဆုံးတည်းသော အိမ်ရှင်အသင်းတစ်သင်းဖြစ်ပါတယ်။ အိမ်ရှင်အသင်းတွေဟာ ရှုံးထွက်အဆင့်ကို အမြဲတက်ရောက်လေ့ရှိပြီး တစ်ခုတည်းသော ချွင်းချက်အနေနဲ့ တောင်အာဖရိကအသင်းဟာ ၂၀၁၀ မှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

(၄) ရုရှားအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ၅ ပွဲစလုံးမှာ နိုင်ပွဲ မရခဲ့ပါဘူး (၂ ပွဲသရေ၊ ၃ ပွဲရှုံး)။ အချက်အလက်အရ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေကို ရင်ဆိုင်ရာမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ် (၁၉၉၄ မှာ ကင်မရွန်းကို ၆-၁ ဂိုး၊ ၂၀၀၂ မှာ တူနီးရှားကို ၂-၀ ဂိုး နိုင်)။

(၅) ဆော်ဒီအာရေဗျအသင်းဟာ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် ၅ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ၃ ကြိမ်မှာ အုပ်စု အောက်ဆုံးနေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကတော့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံထွက် ၁၆ သင်းအဆင့်ကို တက်ရာက်နိုင်ခဲ့ပြီး ဆွီဒင်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly