အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူကို မလေးရှားပိုင်ဟု ထင်မှတ်နေပုံရ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူကို မလေးရှားပိုင်ဟု ထင်မှတ်နေပုံရ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဟာ စင်ကာပူကို မလေးရှားနိုင်ငံအတွင်းမှာ ပါရှိနေဆဲလို့ပဲ ထင်နေပုံ ရပါတယ်။

ဇွန် ၁၁ ရက်က သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက ဆိုထားတာမှာ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပရာ နေရာနဲ့ ပတ်သက်ပြီး “ဂျေဒဗလျူမာရော့ခ်၊ စင်ကာပူ၊ မလေးရှား”ရယ်လို့ ဝန်ကြီးဌာနနဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာကို ဖော်ပြထားတာဖြစ်ပါတယ်။

ဒီအမှားကို ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်အထိ ပြန်လည်ပြင်ဆင်ခဲ့ခြင်း မရှိခဲ့သော်လည်း ညနေ ၄ နာရီ ၂၄ မိနစ်ခန့်မှာပြန်လည်ပြင်ဆင်သွားခဲ့ပါတယ်။

ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် စင်ကာပူမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ ထိပ်သီးစည်းဝေးခဲ့ကြတာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအစည်းအဝေးမတို်င်မီ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ရာမှာ ခုလို မှားယွင်းဖော်ပြထားကို The Star က ရေးသားထားတာ ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်က မလေးရှားသဘောတူညီချက် အရ မလေးရှားနိုင်ငံကနေ ဗဟိုအစိုးရနဲ့ သီးခြားပြည်နယ်များအဖြစ် မလေးယာနဲ့ ဘော်နီးယိုပြည်နယ်နှစ်ရပ်တို့နဲ့ စင်ကာပူက ပူးပေါင်းခဲ့တာပါ။ ဒါပေမယ့် ၁၉၆၅ ခုနှစ်မှာတော့ လွတ်လပ်သော စင်ကာပူသမ္မတနို်င်ငံအဖြစ် ခွဲထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ထရမ့်နဲ့ ကင်ဂျုံးအွန်တို့ကြား ထိပ်သီးအစည်းအဝေးအတွက် ရွေးချယ်ခံရခြင်းအတွက်လည်း စင်ကာပူနိုင်ငံအတွက် ဂုဏ်ယူစရာ သမိုင်းအဖြစ် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly