၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ (၃)နိုင်ငံ ပူးတွဲ လက်ခံကျင်းပခွင့် ရရှိ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ (၃)နိုင်ငံ ပူးတွဲ လက်ခံကျင်းပခွင့် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီနိုင်ငံတို့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်တယ်လို့ ဖီဖာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက မော်စကိုမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ရုရှားနိုင်င့၊ မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရမယ့် မဲခွဲမှုရလဒ်မှာ မြောက်အမေရိကကိုယ်စားပြုနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို ၃ နိုင်ငံက မဲပေါင်း ၂၀၃ မဲ အနက် ၁၃၄ မဲအထိရရှိခဲ့ပြီး ပြိုင်ဖက် မော်ရိုကိုကတော့ ၆၅ မဲသာ ရရှိခဲ့ပါတယ်။

“ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတွေဟာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကွန်ကရက်က ရွေးချယ်ခဲ့ပါတယ်။”လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက မော်စကိုမှာ ပြုလုပ်တဲ့ ၆၈ ကြိမ်မြောက် ကွန်ကရက်အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကားလို့စ်ကော်ဒီယိုက ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ဆိုတာ အခွင့်ထူးတစ်ခုဖြစ်ပြီး ဒါဟာ ဂုဏ်ယူစရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန် ၃၂ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပမယ့်အစား ဖီဖာရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြတော့မှာပါ။

အဆိုပြုချက်အရ အမေရိကန်နိုင်ငံဟာ လော့စ်အင်ဂျလိစ်မှ ဒါလက်စ်၊ နယူးယောက်မြို့တစ်လွှား ပွဲပေါင်း ၆၀ ကို လက်ခံကျင်းပလိုပြီး မက္ကဆီကိုနဲ့ ကနေဒါတို့က ၁၀ ပွဲစီ ကျင်းပလိုတယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly