ရီးယဲလ်မက်ဒရစ်အသင်းက လိုပီတီဂွီကို အသင်းရဲ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် စပိန်ဘောလုံးအဖွဲ့အချုပ်က ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ၂ ရက်အလိုမှာ အံအားသင့်စွာ နည်းပြရာထူးမှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
ရီးယဲလ်အသင်းဟာ အသင်းမှာ ထွက်ခွာထားတဲ့ ဇီဒန်းရဲ့ နေရာမှာ လိုပီတီဂွီကို ဘာနေဗျူးမှာ ၃ နှစ် သက်တမ်းစာချုပ်ဖြင့် နည်းပြ သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အင်္ဂါနေ့ ကြေညာခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က အဖွဲ့ချုပ်ထံ 'မည်သည့် သတင်းအချက်အလက် အကြောင်းကြားခြင်း မရှိပဲ' ညှိုနှိုင်းလုပ်ဆောင်မှု မတွေ့ခဲ့တာကြောင့် အသက် ၅၁ နှစ်ရှိ လိုပီတီဂွီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြာသာပတေးနေ့မှာ ရုရှားနိုင်ငံမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။