ထရမ့်-ကင်မ် သဘောတူညီချက်ကိစ္စ ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသို့ သွားရောက်

ထရမ့်-ကင်မ် သဘောတူညီချက်ကိစ္စ ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသို့ သွားရောက်

ဇွန် ၁၃ ။            ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုး ဇွန်လ ၁၃ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက် စင်ကာပူ သမိုင်းဝင် ထိပ်သီးအစည်းအဝေးအတွင်း ၀ါရှင်တန်နှင့် ပြုံယမ်းအကြား ရရှိခဲ့သည့် သဘောတူညီချက်နှင့်စပ်လျင်း၍ ရှင်းပြဆွေးနွေးရန် ယခုကဲ့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယားသို့ လာရောက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းရေး အချက်လည်း ပါ၀င်သည့် အဆိုပါ သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ မိုက်ပွန်ပဲယိုးက တောင်ကိုရီးယားအစိုးရကို ရှင်းလင်းသွားမည်ဖြစ်သည်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှာ ယခုသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံသို့လည်း သွားရောက်ဦးမည်ဖြစ်သည်။ ယင်းခရီးစဉ်အတွင်း ပေကျင်းမြို့၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်ကာ သမိုင်းဝင် တွေ့ဆုံပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုများနှင့်စပ်လျင်း၍ ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly