ဟုမ္မလင်းတွင် စက်လှေနစ်မြုပ်၊အမျိုးသမီးတစ်ဦး သေဆုံး

ဟုမ္မလင်းတွင် စက်လှေနစ်မြုပ်၊အမျိုးသမီးတစ်ဦး သေဆုံး

 

ဇွန် ၁၃၊ ဟုမ္မလင်း ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဆိပ်ကမ်းတွင် ဇွန်လ ၁၃ ရက်နေ့က  ဟုမ္မလင်း- ကောယားစက်လှေလိုင်း မှ ရွှေစင်ဦးအမည်ရှိ လေးလုံးထိုး သစ်သားခွန် စက်လှေတစ်စီး  နစ်မြုပ်ခဲ့ကြောင်း သိရသည်။

 စက်လှေနစ်မြုပ်မှုကြောင့် အမျိုးသမီးတစ်ဦး  သေဆုံးခဲ့သည်။ ခရီးသည် ၅၀ ထက်မနည်းတင်ဆောင်ကာ ဆိပ်ကမ်းထွက်ခွာပြီး ခဏအကြာတွင် နစ်မြုပ်ခဲ့ကြောင်း ဟုမ္မလင်းမြို့မှ ကိုတရုတ်က ပြောသည်။

 "ခရီးသည်ပိုတင်လို့ အခုလိုဖြစ်သွားတာ ဟုမ္မလင်းဆိပ်ကမ်းကနေ ထွက်သွားပြီး မကြာဘူး မြုပ်တော့တာပဲ ခရီးသည် ၅၀ ကျော်လောက်ပါတယ် လူတစ်ယောက်သေတယ်" ဟု ကိုတရုတ်က ပြောသည်။

စက်လှေနစ်မြုပ်မှု ဖြစ်စဉ်နှင့် ပက်သက်၍ အသေးစိတ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိများဆက်လက်လုပ်ဆောင်နေပြီး စာရင်းအတိအကျကိုတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် အတိအကျ မသိရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly