အိန္ဒိယစီးပွားရေး ဖွံ့ဖြိုးမှု ရ ရာခိုင်နှုန်းအထိ နှေးကွေးသွား

အိန္ဒိယစီးပွားရေး ဖွံ့ဖြိုးမှု ရ ရာခိုင်နှုန်းအထိ နှေးကွေးသွား

နယူးဒေလီ၊ စက်တင်ဘာ - ၁ ။         ။ တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ အိန္ဒိယစီးပွားရေးမှာ ဧပြီလမှ ဇွန်လအတွင်း နှစ်စဉ် ၇ရာခိုင်နှုန်း ကြီးထွားလာနေခဲ့သည်ဟု ဆိုသည်။ ယင်းပမာဏမှာ ယခင်သုံးလပတ် ဖွံ့ဖြိုးမှုနှုန်း ၇.၅ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသွားခဲ့ခြင်းပင်ဖြစ်ပြီး မျှော်လင့်ထားသည့်ပမာဏထက် ပိုမိုခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံကလည်း ဒုတိယသုံးလပတ်တွင် ၇ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်ဟုဆိုရာ အိန္ဒိယနှင့် တရုတ်တို့မှာ ကမ္ဘာပေါ်တွင် အမြန်ဆုံးဖွံ့ဖြိုးကြီးထွားနေသည့် စီးပွားရေးနိုင်ငံကြီးနှစ်ခုပင်ဖြစ်သည်။

သို့ရာတွင် အချို့သောစီးပွားရေးပညာရှင်များကမူ အိန္ဒိယ၏ တရားဝင်ကိန်းဂဏန်းအချက်အလက်များမှာ အမှန်တကယ်ဖွံ့ဖြိုးမှုကို တိတိကျကျ ထင်ဟပ်လေ့မရှိသောကြောင့် စိုးရိမ်နေကြသည်ဟု ဆိုသည်။

‘အပေါ်ယံတန်ဖိုးအရတော့  ဒုတိယသုံးလပတ်ရဲ့ ဂျီဒီပီကန်းဂဏန်းတွေအရ အိန္ဒိယဟာ အမြန်ဆုံးဖွံ့ဖြိုးကြီးထွားနေတဲ့ စီးပွားရေးကြီးအဖြစ် တရုတ်နဲ့ ရင်ဘောင်တန်းနိုင်ပါပြီ်’’ဟု Capital Economics မှ ရှီလန် ရှားက ပြောကြားခဲ့သည်။

‘ဒါပေမယ့်လည်း ဂျီဒီပီဟာ စီးပွားရေးဟာ အလှုပ်အရှားအထကြွကင်းတဲ့ သုံးနှစ်တာအပြီးမှာ နာလံထမှုရဲ့ အစောပိုင်းအဆင့်တွေမှာသာ ရှိနေသေးတယ်ဆိုတာကို ညွှန်ပြနေတဲ့ အခြားညွှန်တံတွေနဲ့က မညီမညွတ်ဖြစ်နေသေးတယ်။ တရားဝင် ဂျီဒီပီအချက်အလက်တွေဟာ စီးပွားရေးအင်အားကို သိသိသာသာ ပိုတွက်ထားတာပါ’’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်စီးပွားရေး နှေးကွေးသွားမှုနဲ့အတူ ရင်းနှီးမြှုပ်နှံသူများမှာ ကမ္ဘာနှင့်အဝန်းဖွံ့ဖြိုးမှု၏ နောက်ထပ်မောင်းနှင်အားအနေဖြင့် အိန္ဒိယဘက်သို့ ဦးလှည့်လာခဲ့ကြသည်။  အချို့က ပြီးခဲ့သည့် သုံးလပတ်နှစ်ခု အတွင်း ၇ရာခိုင်နှုန်းထက်ပိုမိုသော ဖွံ့ဖြိုးမှုကို မျှော်လင့်ထားခဲ့ကြရာ အိန္ဒိယမှာ တရုတ်ထက်ပင် လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလာနေသည်ဟြ ယူဆခဲ့ကြသည်။

‘ဂျီဒီပီအရေအတွက်က စိတ်ပျက်စရာပဲ။ ဒါပေမယ့်လည်း အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှုကို ပြည်တွင်းဝယ်လိုအားကပဲ မောင်းနှင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်’’ဟု မွန်ဘိုင်း ခိုတက်မဟင်ဒရာဘဏ်မှ မာဒါဝီ အရိုရာက ပြောကြားခဲ့သည်။

‘လူသုံးကုန်ပစ္စည်း ဈေးနှုန်းကျဆင်းမှုနဲ့အတူ အိမ်ထောင်စရိတ်သုံးစွဲမှုလည်း မြင့်တက်လာလိမ့်မယ်’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly