ကမ္ဘာ့ဖလားအကြို ဘောလုံးစွမ်းရည်ပြခဲ့ကြတဲ့ ထိုင်းနိုင်ငံက ဆင်လိမ္မာအသင်း

ကမ္ဘာ့ဖလားအကြို ဘောလုံးစွမ်းရည်ပြခဲ့ကြတဲ့ ထိုင်းနိုင်ငံက ဆင်လိမ္မာအသင်း

 

ဇွန် ၁၃၊ အယုဒ္ဓယ။                 ။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲက ရောဂါတစ်ခုလို စတင်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ ဘောလုံးပရိသတ်တွေဟာ ဘန်ကောက်မြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းမှာ ကမ္ဘာ့ဖလားကိုယ်စားပြု ဆင်လိမ္မာကြီးတွေ ကစားတဲ့ ဘောလုံးပွဲတစ်ပွဲကို အင်္ဂါနေ့မှာ ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။

ဘန်ကောက်မြို့ကနေ တစ်နာရီလောက်သွားရတဲ့ အယုဒ္ဓယ ဝတ္တရာလိုင် စာသင်ကျောင်းမှာ ကျောင်းသားတွေပါဝင်တဲ့အသင်းနဲ့ ဆင်လိမ္မာကြီးတွေပါဝင်တဲ့အသင်းတို့က ကျောင်းသားတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စရာ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ဖျော်ဖြေပေး ခဲ့တာပါ။

ဆင်ဦးစီးတွေက ထိန်းကျောင်းနေတဲ့ ဆင်လိမ္မာတစ်ကောင်ချင်းစီဟာ ကြာသပတေးနေ့မှာ စတင်ကျင်းပမယ့် ရုရှကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နိုင်ငံအသင်းတွေရဲ့ အလံတွေကို ဆေးခြယ်ကိုယ်စားပြုခဲ့ကြပြီး ကျောင်းသားအသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။

ဆင်လိမ္မာကြီးတွေဟာ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကန်တတ်သလို သူတို့ထက်သေးငယ်တဲ့ခြေနှစ်ချောင်းပြိုင်ဘက်တွေ မမျှတတဲ့ အခွင့်အရေးရနေတယ်လို့ ခံစားရချိန်မှာ ဘောလုံးကို နှာမောင်းနဲ့သယ်ပြီး ဂိုးပေါက် ခြိမ်းခြောက်တတ်ကြပါသေးတယ်။

ရုရှကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ စပိန်၊ ဘရာဇီး၊ ဂျပန်နဲ့ ပြင်သစ်အလံတွေကို ဆင်ကြီးတွေရဲ့ ခန္ဓာကိုယ်မှာ တိရစ္ဆာန်တွေအတွက် အန္တရာယ်မရှိတဲ့ ရေဆေးနဲ့ ခြယ်ထားကြပါတယ်။

ဘောလုံးပွဲက နံနက် ၉ နာရီက ၁၁ နာရီဝန်းကျင်အတွင်းကြာမြင့်ခဲ့ပြီး ပင်နယ်တီကန်သွင်းတဲ့အစီအစဉ်တွေ၊ တေးဂီတဝိုင်းနဲ့ လှည့်လည်ခြင်းအစီအစဉ်တွေလည်း ပါဝင်ခဲ့သလို ကျောင်းသားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

ပွဲတော်မှာ အယုဒ္ဓယနဲ့ ရွိုင်ရယ်ခရယ်လ် ဆင်စခန်းက အသက် လေးနှစ်က နှစ် ၂၀ အတွင်းရှိတဲ့ ဆင် ၉ ကောင်းပါဝင်ခဲ့ပြီး အမ ၂ ကောင်၊ အထီး ရ ကောင်ဖြစ်ပါတယ်။

ဒီပွဲတော်ကို ဇွန် ၁၄ ကနေ ဇူလိုင် ၁၅ အတွင်းကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုသာမက မြို့တော်ဟောင်း အယုဒ္ဓယရဲ့ ခရီးသွားလုပ်ငန်းကို အားပေးကြော်ငြာတဲ့အနေနဲ့ပါ ကျင်းပတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြကြောင်း EPA သတင်းမှာ ဖော်ပြထားပါတယ်။

Ref; EPA

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly