ထောပတ်ပေါက်ပေါက် စားခြင်းက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

ထောပတ်ပေါက်ပေါက် စားခြင်းက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဟိုးအရင်တွေကတော့ ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင် ထောပတ်လေးနဲ့ရောပြီး ထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်း ဖြစ်မှာပါ။ တော်တော်များများက ထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရော ပမာဏကို လျှော့နည်းစေပါတယ်။ ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေ များများစားစားပါဝင်တာကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကို လျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ထောပတ်ပေါက်ပေါက်မှာ   အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများ ပါဝင်တာက အစာခြေစနစ်ကို ကောင်းမွန်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ် လိုပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂၀၁၂) ခုနှစ် Scranton တက္ကသိုလ်ရဲ့ လေ့လာချက်အရ ထောပတ်ပေါက်ပေါက်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေ အများအပြား ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဓါတ်တိုးဆန့်ကျင််မှု များခြင်းဟာ အရိုးရောင်ခြင်း၊ အရိုးပွခြင်းနဲ့ ဆီးချိုရောဂါတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဆဲလ်သေတွကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးနိုင်တဲ့ free radicals တွေကိုလည်း လျှော့ချပေးပါတယ်။

ထောပတ်ပေါက်ပေါက်ကို ကိုယ်အလေးချိန် တက်စေတဲ့အစားအစာလို့ ထင်နေရင်တော့ မှားနေပါပြီ။ ထောပတ်ပေါက်ပေါက် တစ်ခွက်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပါတယ်။ ဒါဟာ အာလူးကြော်တစ်ထုတ်စာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါးဆတောင် ကယ်လိုရီနည်းပါတယ်။ ဒါ့အပြင် ထောပတ်ပေါက်ပေါက်ဟာ တခြားသွားရေစာ မုန့်တွေလိုမျိုး ဆီတွေ ပါဝင်မှု နည်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် မတက်စေပါဘူး။

ထောပတ်ပေါက်ပေါက်က အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သယောင် ဖြစ်စေတဲ့ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေတင်းရင်းမှု နည်းခြင်း၊ အစက်အပြောက်ဖြစ်ခြင်းတွေကို လျှော့နည်းစေပါတယ်။ ထောပတ်ပေါက်ပေါက် စားလေလေ free radicals လျော့နည်းလေ ဖြစ်ပြီး ပိုမိုကျန်းမာ လှပလာမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly