အမေရိကန်သို့ လာလည်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက် ကင်မ်ဂျံုအန်း လက်ခံ

အမေရိကန်သို့ လာလည်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက် ကင်မ်ဂျံုအန်း လက်ခံ

ဇွန် ၁၃ ။             ။ အမေရိကန်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းဘက်က လက်ခံခဲ့ကြောင်း ယနေ့ ဇွန်လ ၁၃ ရက် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ယမန်နေ့ ဇွန်လ ၁၂ ရက်က သမိုင်းဝင် စင်ကာပူ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ထရမ့်က ကင်မ် ကို အိမ်ဖြူတော်ထံ လာလည်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ကင်မ်ဂျံုအန်းနဲ့ ဒေါ်နယ်ထရမ့်တို့ကတော့ ယမန်နေ့က စင်ကာပူမှာ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယင်း သမိုင်းဝင် တွေ့ဆုံစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသားအကြား ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကိုပါ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဦးအကြား နောက်ထပ် ထပ်မံတွေ့ဆုံကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly