၀န်ကြီးချုပ် ထရူဒိုကြောင့် ကနေဒါက စရိတ်ထောင်းလိမ့်မည်ဟု ထရမ့် ပြော

၀န်ကြီးချုပ် ထရူဒိုကြောင့် ကနေဒါက စရိတ်ထောင်းလိမ့်မည်ဟု ထရမ့် ပြော

 

စင်ကာပူ၊ ဇွန် ၁၃ ။          ။ ကနေဒါတွင် ပြုလုပ်သည့် ပြီးခဲ့သည့် ဂျီ ရ ထိပ်သီးအစည်းအဝေးသည် ကောင်းကောင်းမွန်မွန်ဖြစ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်သော်လည်း တစ်ချိန်တည်းတွင် အိမ်ရှင်ဖြစ်သော ကနေဒါနိုင်ငံအနေဖြင့် ၀န်ကြီးချုပ်ဖြစ်သူ ပြောစကားတစ်ခွန်းကြောင့် ပေးဆပ်ရလိမ့်မည်ဟု သတိပေးလိုက်သည်။

ထိုထိပ်သီးအစည်းအဝေး မအောင်မြင်ကြောင်း ပြောဆိုချက်များကို ပယ်ချလျက် “ဂျီ ရ နဲ့ အလွန်ကောင်းမွန်တဲ့ စည်းဝေးမှုကို ကျွန်တော် ရခဲ့တယ်။”ဟု ထရမ့်က ပြောသည်။ သို့သော် ၀န်ကြီးချုပ် ဂျက်စတင်းထရူဒို၏ အပြစ်ဖြစ်သော မှတ်ချက်စကားများကြောင့် ကနေဒါနိုင်ငံသည် ငွေကြေး အမြောက်အမြား ဆုံးရှုံးကုန်ကျကာ စရိတ်ထောင်းရတော့မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ကနေဒါနိုင်ငံ ကွီးဘတ်တွင် ကျင်းပခဲ့သော ဂျီ ရ အစည်းအဝေးနှင့် ပတ်သက်ပြီး စင်ကာပူတွင် ဇွန် ၁၂ ရက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီးစည်းဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထရမ့်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

အမေရိကန်က ယင်းနိုင်ငံအတွင်း တင်သွင်းသော သံမဏိနှင့် အလူမီနီယံတို့အပေါ် အမျိုးသားလုံခြံုရေး အကြောင်းပြချက်ဖြင့် ထရမ့်က သွင်းကုန်ခွန် ချမှတ်ခြင်းအား ကနေဒါ၀န်ကြီးချုပ် ထရူဒိုက အမေရိကန်၏ စော်ကားသော အပြုအမူဖြစ်ပြီး လက်တုံ့ပြန်သွားမည်ဟု တုံ့ပြန်ပြောကြားထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags