မြန်မာနိုင်ငံဒေသအချို့တွင် တစ်ပတ်အတွင်း မိုးများနိုင်ပြီး ဒေသအချို့အန္တရာယ်ရှိ

မြန်မာနိုင်ငံဒေသအချို့တွင် တစ်ပတ်အတွင်း မိုးများနိုင်ပြီး ဒေသအချို့အန္တရာယ်ရှိ

ဇွန်လ ၁၂ ရက် ။             ။ လာမယ့်တစ်ပတ်အတွင်း ရာသီဥတုအခြေအနေမှာ အနောက်တောင်မုတ်သုံလေအား အလွန်ကောင်းနိုင်ပြီး ဒေသအချို့တွင် မိုးများနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဇွန်လ ၁၂ ရက် ညနေ(၆ နာရီ ၃၁မိနစ်အချိန်) တိုင်းထွာရရှိချက်အရ “ နောက် ရ ရက်အတွင်း  ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်  အနောက်တောင်မုတ်သုံလေအား အလွန်ကောင်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းနိုင်ပါတယ် ” လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း သိရသည်။

နောက် ၃ ရက်အတွင်း မိုးများနိုင်သောဒေသများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် နံနက်(၉)နာရီခွဲအထိ တိုင်းတာချက်အရ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရေဖုံးလွှမ်းခံရမှု အန္တရာယ်ရှိသောဒေသများ နှင့် အန္တရာယ်အသင့်အတင့်မှ မြင့်မားနေသောဒေသများရှိနေပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်  မြောက်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းတို့ ပါ၀င်နေသည်။

အန္တရာယ်အနည်းငယ်ဖြစ်ပေါ်နေသောဒေသများတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ မကွေးတိုင်း အရှေ့ပိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်းဒေသအချို့ပါ၀င်နေပြီး မြေပြိုမှုအလားအလာရှိနေသောဒေသများတွင် ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းအနောက်တောင်ပိုင်း၊ချင်းပြည်နယ်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့ ပါ၀င်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly