သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာအား ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်

သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာအား ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်

စက်တင်ဘာ ၁ ရက် ။         ။ သီလဝါအထူးစီးပွားရေးဇုန်အတွက် မြေဟက်တာ ၂၄၀၀ သတ်မှတ်ထားသော်လည်း ယခုအခါ ၁၀ ဟက်တာ ထပ်တိုး လိုက်သဖြင့် စုစုပေါင်း ဟက်တာ ၂၄၁၀ ဖြစ်သွား သည်။

တိုးချဲ့လိုက်သည့် ၁၀ ဟက်တာကို လက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသော သီလဝါအထူးစီးပွားရေးဇုန် ဟက်တာ ၄ဝဝ ထဲတွင် ထပ်မံပေါင်းထည့်မည်ဟု သြဂုတ် ၃၁ ပြန်ကြားရေးသတင်း တစ်ပုဒ်ကဖော်ပြသည်။

တိုးချဲ့လုပ်ဆောင်မည့် နေရာသည် စီမံကိန်းနှင့် ဆက်စပ်လျက်ရှိပြီး လူနေအိမ်မရှိသည့်နေရာဖြစ်သည်ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်ဟုဆိုသည်။

ဆက်လက်အကောင်အထည်ဖော်မည့် ဟက်တာ ၂ဝဝဝ အား မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း Strategic Environmental Assessment – SEA နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း များဂျပန်နိုင်ငံရှိ ERM Environmental Resource Management အဖွဲ့နှင့် မြန်မာနိုင်ငံက E-Guard Environmental Services အဖွဲ့မှ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်နေသည်။

SEA အစီရင်ခံစာတွင် အချက်ခုနစ်ချက် ပါဝင်ပြီး စီမံကိန်းနှင့် သက်ဆိုင်သူများကိုသတ်မှတ်ခြင်း၊ စီမံကိန်းမစတင်မီ အခြေအနေ၊ ဥပဒေဆိုင်ရာမူဘောင်ကန့်သတ်ချက်၊ စီမံကိန်းအတွက် စစ်ဆေးရန် အချက်အလက်ရေးဆွဲခြင်း၊ ဖွံ့ဖြိုးရေး အတွက် အနာဂတ်ဆိုင်ရာ မျှော်မှန်းချက်၊ ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်သက်ရောက်မှုများ၊ ထိခိုက် သက်ရောက်မှုများ လျှော့ချရေး အစီအမံတို့ ပါဝင်သည်ဟု သြဂုတ် ၂၇ ပြန်ကြားရေးသတင်းတစ်ပုဒ်မှ သိရသည်။

သီလဝါအထူးစီပွားရေးဇုန်ရှိ ပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုတွေကို စီမံကိန်းဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ သီလဝါအထူးစီပွားရေးဇုန်၌ ပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုများကို ၂ဝ၁၃ နှစ် ကုန်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းဆိုင်ရာ (SEA) မူဝါဒပိုင်းလေ့လာသုံးသပ်ခြင်းနှင့် EIA (Environmental Impact Assessment) ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်သည်ဟုဆိုသည်။

ဩဂုတ် ၂၆ ရက်နေ့က သီလဝါ အထူးစီးပွားရေးဇုန်၌ ဆက်လက် အကောင်အထည်ဖော်ရန် ကျန်နေသေးသည့် ဟက်တာ ၂ဝဝဝ အတွက် မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ဆန်းစစ်ခြင်း SEA ဆိုင်ရာတွေ့ဆုံ ပွဲတစ်ခုကို သီလဝါ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီရုံး၌ ပြုလုပ်ခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ရွှေ့ပြောင်းရသူ ရှစ်ဦးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇူလိုင် ၁၀ ရက်၌ မြေကွက် အမှတ် ၂၅ နှစ် ၂၆ အတွက် တစ်ဧကလျှင် ၇၆ သိန်းနှုန်းဖြင့် စုစုပေါင်း ၄၂ ဒဿမ ၂၁ သန်း လျော်ပေးခဲ့သည်ဟု ဇူလိုင်  ၁၃ ထုတ် မြန်မာ့အလင်းကဖော်ပြခဲ့သည်။

စီမံကိန်း ပထမအဆင့်တွင် မြေဟက်တာ ၄၁၀ (ယခင်က ၄၀၀) အနက် မြေ ၁၈၉ ဟက်တာကို စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်မည်ဟုလည်းဆိုသည်။ သီလဝါစီမံကိန်း ကိုမြန်မာက ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဂျပန်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း သိရသည်။

Ref; MOI

#မဇ္ဈိမ ရွေးကောက်ပွဲ ရေဒီယို အစီအစဉ် (စက်တင်ဘာ ၂ ရက်)

Posted by Mizzima - News in Burmese on Monday, August 31, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly