မနေနိုင်လို့ ပြောတော့ ပြောရဦးမယ်

မနေနိုင်လို့ ပြောတော့ ပြောရဦးမယ်

ကား . . ကား. . ကား . .

ခုတလော ကျွန်တော်တို့  နိုင်ငံရေးလောကမှာရော ၊ ပြည်သူတွေကြားမှာ လူပြောသူပြော အများဆုံးနဲ့ အဝေဖန်ဆုံးကတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ လုံခြံုရေးအတွက် ကားဝယ်ဖို့ သိန်း ၉ ထောင်နီးပါး အသုံးစရိတ်တင်ပြတောင်းဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ် ။ဒါကိုတော့ အသုံးစရိတ်ချွေတာမယ် ဆိုတဲ့ အစိုးရသစ် လက်ထက် ခုလို စျေးမြင့်ကားတွေဝယ်ဖို့ လိုအပ်ရဲ့လားလို့ မေးခွန်းထုတ်နေကြတဲ့အပေါ်မှာ ၊ တိုင်းအစိုးရဖက် ကတော့  အမှန်တကယ်လိုအပ်ချက်ဖြစ်တယ်လို့ပဲ ခုခံ ပြောဆိုပါတယ်။`

လက်ရှိ ကာလမှာ ခြိုးခြံနေရတာကတစ်ကြောင်း လိုုအပ်ချက်ထက်ကျော်လွန်တောင်းဆိုုမှုတွေကြောင့် ဒါကိုု လက်မခံသင့်ကြောင်း နိုင်ငံရေးသမားစစ်စစ်တွေ ပါ၀င်တဲ့ ရန်ကုုန်တိုုင်း လွှတ်တော် ကိုုယ်စားလှယ်တွေက တော့ ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ ဗီအိုအေ သတင်းတစ်ပုဒ်မှာ အရင်ရန်ကုုန်တိုုင်းဒေသကြီး လွှတ်တော် ကိုုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက လက်ရှိ NLD အစိုုးရ ဘတ်ဂျက်သုံုးစွဲမှု ကို  ခုလို ဝေဖန်လိုုက် ပါသေးတယ် ။

"အဲဒီတုန်းကတော့ ကားအသစ်ဝယ်ခဲ့တာပဲ။ အစိုးရအဖွဲ့ဝင်တွေအားလုံးအတွက် ၀န်ကြီးချုပ်အပါအဝင်ပေါေ့နာ်။ တကယ့်ကို ကားအသစ်ကိုပဲ တင်သွင်းခဲ့တာလေ။ အဲဒီတော့ အဲဒီတုန်းကတောင်မှ အဲဒီလောက်ဘတ်ဂျက်ကို မသုံးခဲ့ဘူး Ford ကားဆိုတာက ဝေလာဝေးပေါ့နော်။ ဒါကြောင့်မို့လို့လဲ အဲဒါထက်စာရင် လွန်ခဲ့တဲ့ ရ နှစ် က ကားသွင်းထားတာတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ၊ဒီအစိုးရအဖွဲ့ဝင်တွေဘက်က အမှန်တော့မလိုဘူးပေါ့နော်။  ဘေးမကင်းဘူး မလုံခြံုဘူးဆိုရင်တောင်မှ Ford ကားမဟုတ်တဲ့ ဘေးကင်းလုံခြံုတဲ့ ကားတွေ အများကြီး အစိုးရ အဖွဲ့အနေနဲ့ တင်သွင်းလို့ရတယ်။ အဲဒီတော့ သိန်း ၆၀ ၊ ရ၀ လောက်နဲ့ ကားအသစ်တွေ တင်သွင်းနိုင်တယ်ပေါ့။ ဘာကြောင့် သိန်း ၁ ထောင်တန်ကားကို အစိုးရအဖွဲ့ဝင်တွေအတွက်မှာယူတယ်ဆိုတာကတော့ သိပ်ထူးဆန်း တယ် "

နောက်တစ်ခါ တစ်ပွက်ပွက်ဖြစ်နေတဲ့ ဒီကားအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးလောကမှာ လူသိများ ထင်ရှား တဲ့ နိုင်ငံရေးမှုတွေနဲ့ ထောင်သုံးခါကျ နိုင်ငံရေးအကျဉ်းသားဟောင်း မျိုးရန်နောင်သိန်းကတော့ သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာထဲမှာ ခုလို ရေးပြန်ပါတယ် ။

"ကျွန်တော်က ရန်ကုန်တိုင်း အစိုုးရ အဖွဲ့ ကားဝယ်စီးတာ မစီးတာ ၊ ဘာညာ စိတ်မဝင်စားဘူး ။ဝန်ကြီးအဆင့်  သိန်းတစ်ထောင်တန်ကား စီးမှာ ဆူညံပွက်လောရိုက်နေပြီး သာမန်မြိုနယ် ထွေအုပ်ဦးစီးတစ်ယောက်ကို သိန်း ၅၀၀ တန် ကား ဝယ်ပေးတာ ဘာသံမှ မထွက်လို့ အာရုံနောက်ပြီး ပြောဆိုနေတာ. . . .။  ရန်ကုန်တိုင်း ဝန်ကြီး တစ်ဦးက မြိုနယ် ၄၅ မြို့နယ်အတွက်အလုပ်လုပ်ပေးနေတာ ။ဝန်ကြီးကားတစ်စီး သိန်းတစ်ထောင်ဆိုရင် ဝန်ကြီးတစ်ဦးအတွက် ကားဝယ်စရိတ် က တစ်မြိုနယ် ၂၂ သိန်း ။ ထွေအုပ်က မြိုနယ်အုပ်ချုပ်ရေးမှုး တစ်ယောက်ကို သိန်း၅၀၀ တန်ကားဝယ်ပေးတယ် ။ ထွေအုပ်က  တစ်မြို့နယ် သိန်း၅၀၀ အသံမထွက်ဘူး၊ ဘာသံမှမကြားရဘူး ငြိမ်နေကြတယ် . . . "  တဲ့ဗျာ ။

ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကို သွားနေတာ လမ်းကမဖြောင့်ဘူးဆိုတာလည်း အားလုံးသိတော်မူကြပါ တယ် ။ သွားလိုက်တိုင်း သွားလိုက်တိုင်း ခြေထိုးခံနေရတော့ လဲသွားလိုက် ပြန်ထလိုက်၊ ဆက်သွားလိုက်နဲ့ ခရီးမတွင်ဘဲဖြစ်နေတာလည်း သိကြပါတယ် ။မသွားဘဲနေလို့ကလည်း မရပါဘူး ။ လမ်းခရီးမှာလည်း အဲဒီလို အခက်အခဲ အတားအစီးတွေ မြောက်များစွာကို ကျော်ဖြတ်ခဲ့ပြီးပြီဆိုတော့  ခု မော်တော်ကား အခက်အခဲ ကတော့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ် ။

ကျွန်တော်ကတော့ နံပတ် (၁) နိုင်ငံကဆင်းရဲတယ် ၊ ဒါကြောင့် မကုန်သင့်တာကို မကုန်ရလေအောင် အားလုံး မှာ တာဝန်ရှိပါတယ် ။ ပြောကြဆိုကြ ဝေဖန်ကြတာကတော့ ကောင်းပါတယ် ။ နံပတ် (၂) ထွေအုပ်တွေ စီးမယ့်ကားတွေ ကလည်း နိုင်ငံတော်ရဲ့ အတိုင်းအတာနဲ့ဆိုရင် စျေးကြီးကားတွေ ဖြစ်နေပါတယ် ။ နံပတ်(၃) တစ်ခါ တိုင်းအစိုးရ ၀န်ကြီး တွေစီးကြမယ့် ကားတွေကလည်း အလွန်ကိုစျေးကြီးနေပါတယ် ။ အဲဒီတော့ အားလုံးလျှော့ကြဖို့တော့ မဖြစ်မနေလိုပါတယ် ။ နိုင်ငံတော်က လူကြီးတွေ အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် နောက်ခံတွေကို ပြန်ပြန် ကြည့်ဖို့အတွက် သတိထား ဂရုပြုမိဖို့ အလွန်အရေးကြီးပါတယ် ။ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေရဲ့ အကောင်းမြင်မှု ၊ မမြင်မှုတွေကြောင့် ခုချိန်ခါ  နိုင်ငံရေးမှာ အထိအခိုက် အပွန်းအပဲ့ မခံနိုင်တဲ့ အချိန်ဖြစ်လို့ ပိုလို့တောင် သတိထားရပါမယ် ။

ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ဆင်းရဲကျပ်တည်းတဲ့ အချိန်အခါတွေကိုလည်း ဖြစ်သန်းလာခဲ့ဖူးတယ် ။ ရက်စက်ကြမ်းကြုပ်တဲ့ အကျဉ်းထောင်တွေမှာလည်း ဆင်းရဲ ဒုက္ခဒဏ်တွေကိုလည်း ခံရခဲ့ဖူးတယ်ဆိုတော့ ဖြစ်တန် လောက်တဲ့ မသုံးမဖြစ် ကားတွေကို အသုံးပြုရင်း တိုင်းပြည်ကို ရွှေ့စေချင်ပါတယ် ။ ကျွန်တော့လိုပဲ အားလုံးရဲ့ ဆန္ဒဟာလည်း ဒီအတိုင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။

ကားနဲ့ပတ်သက်တဲ့ရောဂါတွေကို ရေးမယ်ဆိုရင်တော့ ရေးခွင့်ရတဲ့ ဒီဖက်ခေတ်မှာတော့ အများသား ၊ YBS အ ကြောင်း ၊ ကျောင်းကားတွေ အကြောင်းတွေ ရှိပါသေးတယ် ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ၊ ဘာပဲလုပ်လုပ်ပေါ့လေ ၊ အစိုးရက တစ်ခုခုကိုလုပ်ပြီဆိုတာနဲ့ နိုင်ငံရေးပါလာပါတော့တယ် ၊ နိုင်ငံရေးပါလာတာကို နိုင်ငံရေးပါလာမှန်း သိဖို့တော့ လိုပါတယ် ။ အတိုက်အခံပါတီနဲ့ သူ့ရဲ့အင်အားစုက သိပ်ပြီးမကြီးမားပေမယ့် ထိုးနှက်ချက်တွေက မသေးဘူးဆိုတာရယ် ၊ ကိုယ့်ရဲ့ ဒီမိုကရေစီအင်အားစုထဲက တစ်ချို့ကလည်း အပြုသဘောထက် အပျက် သဘောဆောင် နေကြတာက်ိုလည်း သတိမလွတ်ကြဘို့နဲ့ အောက်ခြေ မလွတ်ကြဘို့ နှိုးဆော်လိုက်ရပါတယ် ။  ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly