မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး အမြန်ဆုံး စတင်မည်ဟု ထရမ့် ပြော

မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး အမြန်ဆုံး စတင်မည်ဟု ထရမ့် ပြော
Photo-EPA
 

ဇွန် ၁၂ ။          ။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို  များမကြာမီ အမြန်ဆုံး စတင်သွားမှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသွားသည်။

၎င်းသည် ယနေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် သမိုင်းဝင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

" ဒီလုပ်ငန်းစဉ်ကို ကျွန်တော် အမြန်ဆုံး စသွားမှာပါ၊ အရမ်းကို မြန်မြန်ဆန်ဆန် လုပ်သွားမှာပါ" ဆိုပြီး ထရမ့်က နျူဖျက်သိမ်းရေးနှင့်ပတ်သက်သည့် မေးခွန်းတစ်ရပ်ကို ဖြေကြားစဉ် ထည့်သွင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly