ထရမ့်နှင့် ကင်မ်အကြား သမိုင်းဝင် လက်မှတ်ရေးထိုး

ထရမ့်နှင့် ကင်မ်အကြား သမိုင်းဝင် လက်မှတ်ရေးထိုး

ဇွန် ၁၂ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့အကြား ယနေ့ စင်ကာပူ Sentosa ကျွန်းရှိ Capella ဟိုတယ်မှာ သမိုင်းဝင် တွေ့ဆုံမှုကတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်ကြီး နှစ်ဦး တွေ့ဆုံကြစဉ် သဘောတူညီမှု တစ်ရပ်ကို အတူတကွ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ယင်း သဘောတူညီချက်ပါ အသေးစိတ် အချက်အလက်များကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော် ထရမ့်နှင့် ကင်မ်တို့ လက်မှတ်ထိုးခဲ့သည့် ယင်းပူးတွဲ သဘောတူညီမှုထဲတွင် အမေရိကန်ဘက်က မြောက်ကိုရီးယား၏ လုံခြံုရေးအတွက် အာမခံကြောင်း ကတိကဝတ်ပြုရေး၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးသစ် ထူထောင်ရေး၊ ကင်မ်ဘက်က ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားဖျက်သိမ်းရေးကို ပြီးမြောက်အောင်လုပ်ဆောင်ရေး စသည်တို့ ပါ၀င်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly