ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအန်းတို့ နေ့လည်စာ အတူသုံးဆောင်

ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအန်းတို့ နေ့လည်စာ အတူသုံးဆောင်

ဇွန် ၁၂ ။           ။ သမိုင်းဝင် တွေ့ဆုံကြသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့ ဆွေးနွေးမှုများကို ရပ်ဆိုင်းကာ နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

ကာလကြာရှည် တင်းမာသည့် ဆက်ဆံရေးနှင့် အပြန်အလှန် ရန်ထောင်နေခဲ့ကြသည့် ခေါင်းဆောင်နှစ်ဦးသည် စင်ကာပူရှိ Capella ဟိုတယ်တွင် ယခုအခါ နေ့လည်စာ သုံးဆောင်ရန် အတူတကွ ရောက်ရှိခဲ့ကြသည်။

ခေါင်းဆောင်ကြီးနှစ်ဦး သုံးဆောင်သည့် နေ့လည်စာ မီနူးထဲတွင် ပုဇွန်တုပ်ကြီးများနှင့် Haagen-Dazs ဆိုင်က ရေခဲမုန့်များက အဓိက ပါ၀င်နေသည်ဟု သိရသည်။

ဒါ့အပြင် နာမည်ကျော် တရုတ် Yangzhou ထမင်းကြော်၊ ချောကလက်များလည်း ပါ၀င်နေသည်ကို မြင်တွေ့ရသည်။

အိမ်ဖြူတော်က ထုတ်ပြန်သည့် မီနူးစာရင်းအရ ကင်မ်နှင့် ထရမ့်တို့၏ နေ့လည်စာဝိုင်းတွင် အနောက်တိုင်း အစားအစာ၊ ကိုရီးယား၊ တရုတ်၊ မလေး ဟင်းပွဲများ အလျှံပယ် ပါ၀င်မည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags