မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ် လီဗာကူဆင် သို့ပြောင်းရွှေ့

မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ် လီဗာကူဆင် သို့ပြောင်းရွှေ့

စက်တင်ဘာ ၁၊ မန်ချက်စတာ ။          ။ မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ဂျာမန်ကလပ် လီဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ ဟာနန်ဒက်ဇ်သည် ပြီးခဲ့သည့် တနင်္လာနေ့က ဂျာမနီတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် လီဗာကူဆင်နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ပြောင်းရွှေ့ကြေးကို အတိအကျ ဖော်ပြခြင်း မရှိခဲ့ဘဲ မန်ယူအသင်းက ပေါင် ၁၂ သန်းဝန်းကျင် ရရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဟာနန်ဒက်ဇ်ကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သေးသော်လည်း လစာငွေတောင်းဆိုမှု မြင့်မားသည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းတွင် အငှားသွားရောက်ကစားခဲ့သည့် ဟာနန်ဒက်ဇ်သည် ယခုနှစ်ရာသီအစတွင် မန်ယူအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့သော်လည်းနောက်ဆုံးတွင် လီဗာကူဆင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ဟာနန်ဒက်ဇ်သည် မန်ယူအသင်းတွင် ၂၀၁၀ မှ ၂၀၁၅ အထိ ကစားခဲ့ပြီး ပွဲစဉ်ပေါင်း ၁၅၇ ပွဲတွင် ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက ရီးယဲလ်တွင် ၃၃ ပွဲ၌ ၉ ဂိုးသွင်းယူပေးခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly