မြောက်ကိုရီးယားက အထူးလုံခြံုရေးအာမခံ ရရှိမည်ဟု အမေရိကန်နို်င်ငံခြားရေးဝန်ကြီး ပြော

မြောက်ကိုရီးယားက အထူးလုံခြံုရေးအာမခံ ရရှိမည်ဟု အမေရိကန်နို်င်ငံခြားရေးဝန်ကြီး ပြော

စင်ကာပူ၊ ဇွန် ၁၁ ။          ။ မြောက်ကိုရီးယားနိုင်ငံက အလုံးစုံ နျူကလီးယား ဖျက်သိမ်းခဲ့ပါက အမေရိကန်အနေဖြင့် အထူးလုံခြံုရေးအာမခံ ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နို်င်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက ဇွန် ၁၁ ရက်တွင် ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့အကြား သမိုင်းဝင်ထိပ်သီးအစည်းအဝေး အကြိုရက်တွင် ပွမ်ပီယိုက ထိပ်သီးအစည်းအဝေးက မျှော်လင့်သည်ထက်   မြန်မြန်ဆန်ဆန် ရှေ့တိုးဖြစ်ပေါ်လာခဲ့ကြောင်း ဝမ်းသာဖွယ် ပြောဆိုသည်။

မြောက်ကိုရီးယား၏ လှည့်ဖျားခြင်းကို အမေရိကန်က နောက်ထပ် ထပ်အဖြစ်မခံကြောင်း ဖော်ပြလျက် ထရမ့်အစိုးရသည် အလုံးစုံနျူကလီးယားစွန့်ရေးကိုပဲ လက်ခံမှာဖြစ်သည်ဟု ပွမ်ပီယိုက ဆိုသည်။

အပြန်အလှန်အားဖြင့် “နျူကလီးယား စွန့်လွှတ်မှုဟာ မြောက်ကိုရီးယားအတွက် အဆိုးတွေ အဆုံးသတ်စေရုံပဲ မဟုတ်ဘဲ သူတို့အတွက် ပြည့်စုံကြွယ်ဝဆီအထိ အမေရိကန်က တုံ့ပြန်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

“ဆန့်ကျင်ဖက်အနေနဲ့ မြောက်ကိုရီးယား ပြည်သူတွေအတွက် အနာဂတ်တောက်ပပြီး ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။”ဟု ပွမ်ပီယိုက ဆိုသည်။

ထိုအာမခံများမှာလည်း အမေရိကန် ယခင်က ပံ့ပိုးရန် ဆန္ဒရှိခဲ့သည်များထက် ကွဲပြားခြားနားပြီး အထူးတလည် အာမခံချက်များ ဖြစ်မည်ဟုလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly