အာဖဂန်နစ္စတန် အစိုးရဝန်ကြီးဌာနရုံးတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်၍ ၁၂ ဦး သေဆုံး

အာဖဂန်နစ္စတန် အစိုးရဝန်ကြီးဌာနရုံးတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်၍ ၁၂ ဦး သေဆုံး

ဇွန် ၁၁ ။            ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ရှိတဲ့ အစိုးရဝန်ကြီးဌာနရုံးတစ်ခုကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့တော် ကဘူးလ်မှာ ယခုနောက်ဆုံးပေါ်ပေါက်လာခဲ့တဲ့ တိုက်ခိုက်မှုမှာတော့ လက်သည်တရားခံ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ လက်တလော မသိရှိရသေးပါဘူး။

အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား အပစ်ရပ်မယ့် အစီအစဉ် မစတင်ခင် တစ်ရက်အလိုမှာပဲ ယခု တိုက်ခိုက်မှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာတော့ အာဖဂန် ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး ၀န်ကြီးရုံး အဓိက ၀င်ပေါက်မှာ အသေခံဖောက်ခွဲရေးသမားတစ်ဦးက ၀င်ရောက်ဖောက်ခွဲသွားခဲ့တာဖြစ်ပါတယ်။

၀န်ကြီးရုံး ၀န်ထမ်းတွေ အိမ်ပြန်ဖို့အတွက် ဂိတ်ရှေ့မှာ စုရုံးပြီး ဘတ်စ်ကားစောင့်နေစဉ်မှာပဲ ယခုလို အသေခံဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly