တောင်တရုတ်ပင်လယ်အရေး တင်းမာမှုမြင့်တက်နေစဉ် ဖိလစ်ပိုင်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်

တောင်တရုတ်ပင်လယ်အရေး တင်းမာမှုမြင့်တက်နေစဉ် ဖိလစ်ပိုင်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်

ဇွန် ၁၁ ။             ။ ဖိလစ်ပိုင် အနောက်ပင်လယ် သို့မဟုတ် တောင်တရုတ်ပင်လယ်ပြင်အတွင်း ငါးဖမ်းမှုနှင့် သက်ဆိုင်သည့် တင်းမာမှုများ ပေါ်ပေါက်ထားခြင်းနှင့်စပ်လျင်း၍ ဇွန်လ ၁၁ ရက်က ဖိလစ်ပိုင်တွင် တရုတ်ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့က မြို့တော် မနီလာရှိ တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် ဖိလစ်ပိုင် ဆန္ဒပြအုပ်စုတစ်စုက လာရောက်စုရုံး ဆန္ဒပြခဲ့ကြသည်။

လက်ဝဲယိမ်း Akbayan နိုင်ငံရေးပါတီနှင့် တက်ကြွလှုပ်ရှားသူအုပ်စုတို့က စီစဉ်သည့် ယင်းဆန္ဒပြပွဲတွင် လူပေါင်း ၂၀ ခန့် ပါ၀င်ခဲ့ကြသည်။

၎င်း ဆန္ဒပြသူများက အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့၏ လုပ်ရပ်များအပေါ် ကန့်ကွက်ဝေဖန်သည့် စာသားများပါ ဆိုင်းပုဒ်များကို ကိုင်ဆောင်ရင်း တရုတ်အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly