ကင်မ်ဂျံုအန်းနှင့် ဆွေးနွေးပွဲ ရလဒ်ကောင်းထွက်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်

ကင်မ်ဂျံုအန်းနှင့် ဆွေးနွေးပွဲ ရလဒ်ကောင်းထွက်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်
Photo-AFP
 

ဇွန် ၁၁  ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့် ၎င်းအကြား သမိုင်းဝင် တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ အကောင်းမြင်ထားလျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းနှင့် ကင်မ်အကြား စင်ကာပူတွင် တွေ့ဆုံမည့် သမိုင်းဝင် တွေ့ဆုံပွဲသည် အပေါင်းလက္ခဏာဆောင်သော ရလဒ်ကောင်းများနှင့်အတူ အဆင်ပြေပြေဖြင့် အဆုံးသတ်နိုင်လိမ့်မည်ဟု   မျှော်လင့်ထားကြောင်း ထရမ့်က ဆိုသည်။

ယခုအခါ အမေရိကန် သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်တို့မှာ စင်ကာပူတွင် ဇွန်လ ၁၂ ရက်၌ သမိုင်းဝင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

ယခုလက်ရှိအချိန်တွင်လည်း အဆိုပါ ခေါင်းဆောင်နှစ်ဦးမှာ တွေ့ဆုံပွဲအတွက် စင်ကာပူတွင် ကြိုတင်ရောက်ရှိနေကြပြီ ဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly