ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိသာ အာဂျင်တီးနားအသင်း ရည်မှန်းထား

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိသာ အာဂျင်တီးနားအသင်း ရည်မှန်းထား

 

ဇွန် ၁၁၊ မော်စကို။            ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေးမှာ အာဂျင်တီးနားအသင်းအတွက် ပစ်မှတ်ကောင်းတစ်ခုဖြစ်သည်ဟု အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလော်ဒီယို တက်ပီယာက ပြောသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယဆုရအသင်းသည် ခြေစစ်ပွဲကာလက ရုန်းကန်ခဲ့ရသဖြင့် ရုရှကမ္ဘာ့လားပြိုင်ပွဲ၏ ရေပန်းစား သောအသင်းများစာရင်းတွင် ထည့်သွင်းစဉ်းစားခြင်းမခံရပေ။

အုပ်စု D တွင် အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယားတို့နှင့် အတူကျရောက်နေသည့် အာဂျင်တီးနားအနေဖြင့် ဆီမီးအဆင့်ကသာ လက်တွေ့ကျသည့်ပစ်မှတ်ဖြစ်သည်ဟု တက်ပီယာက ဆိုသည်။

“နောက်ဆုံးလေးသင်းထဲဝင်ရေးကသာ ကောင်းမွန်တဲ့ရည်မှန်းချက်ဖြစ်ပါတယ်”ဟု တက်ပီယာက TyC Sports သို့ ပြောသည်။ စီနီယာလက်ရွေးစင်အသင်းနှင့် ပထမဆုံးဆုဖလားရရန် ရှာဖွေနေသည့် မက်ဆီက အာဂျင်တီးနားအသင်းကို ဦးဆောင်မည် ဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် အိုက်စလန်အသင်းနှင့် မော်စကိုတွင် စနေနေ့၌ စတင်ကစားရမည် ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly