Community Info Connect အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Community Info Connect အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဇွန် ၁၀ ။                ။ Community Info Connect ဆိုသည့်ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ နည်းပညာကုမ္ပဏီတွေက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ နိုင်ငံရေး၊ လူကုန်ကူးမှု တွေနဲ့ဆိုင်တဲ့ အက်ပလီကေးရှင်းတွေနဲ့ နည်းပညာဆိုင်ရာတွေကို လာရောက်ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို Myanmar Book Aid and Preservation Foundation (MBAPF) ၊ အမေရိကန်သံရုံး၊ အမေရိကန်စင်တာ နဲ့ IREX တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

"ဒီနေ့ကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆို ဒီမှာနည်းပညာကုမ္ပဏီတွေနဲ့ စာကြည့်တိုက်တွေ ကနေလည်း ရောက်နေကြပါတယ်။ ဒါဟာကျွန်မတို့ချိတ်ဆက်မှုပြုလုပ်တဲ့နေရာပါပဲ။ ရှင်တို့ရဲ့ အကြံပြုချက်တွေပါပေးခဲ့ပေးပါ။ ဘယ်လိုအပိုင်းကိုကြိုက်တယ် မကြိုက်ဘူးလဲဆိုတာရယ် ကျွန်မတို့ဘာတွေလုပ်ပေးနိုင်မလဲဆိုတာတွေရယ်ကို ပြန်ပြောပြပေးပါ။ နောက်ပြီး ဒီမှာရှိနေရတာက ဘယ်လိုအိုင်ဒီယာအသစ်တွေ ဒီချိတ်ဆက်မှုကနေရလာမလဲဆိုတာ စိတ်လှုပ်ရှားမိပါတယ်။ လာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်" ဟု Ms. MarcyA.Carrel ရန်ကုန်အမေရိကန်စင်တာ၏ ညွှန်ကြားရေးမှူးက အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ Website ကနေ အခမဲ့ပညာသင်ကြားနိုင်မယ့် Khan Acamedy တို့ Myanmar E-learning Revolution တို့လိုမျိုး ပညာရေးဆိုင်ရာတွေ နည်းပညာကုမ္ပဏီတွေကလည်း လာပြီးဆွေးနွေးပေးခဲ့ပါတယ်။

"ကျွန်တော်တို့ဒီမှာ ကွန်မြူနတီစာကြည့်တိုက်မှူးတွေနဲ့ နည်းပညာ Developer တွေ၊ နည်းပညာ အထောက်အကူ ပေးတဲ့သူတွေကို တူတူခေါ်ထားပါတယ်။ စာကြည့်တိုက်တွေဟာ ဘယ်လိုမျိုးနောက်တစ်ဆင့်ကို တက်လှမ်းနိုင်မလဲဆိုတာကို ပြောဖို့အတွက်ပါ။ စာအုပ်တွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေအတွက် သတင်းအချက်အလက်အချက်အချာ တစ်ခု ဖြစ်လာနိုင်ဖို့အတွက်ပါ" ဟု ရန်ကုန်မြို့ အမေရိကန်သံရုံး Public Affair Officer Mr.John Groch က ဆိုပါတယ်။

ကျန်းမာရေးဆိုင်ရာ My Health Care၊ May May အက်ပလီကေးရှင်းတွေ အစိမ်းရောင်လမ်းနဲ့ ထွက်တိုးတို့လို စိုက်ပျိုးရေးအက်ပလီကေးရှင်းတွေ စတဲ့ အသုံးဝင်တဲ့ နည်းပညာတွေအကြောင်းကို မနက် ၉ နာရီကစလို့ နေ့လည် ၁၂ နာရီအထိ ဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly