၂၀၁၆ နေရှင်နယ်လိဂ်-၁ သို့ တန်းတက်ရန် Horizon အသင်း အခြေအနေကောင်းနေ

၂၀၁၆ နေရှင်နယ်လိဂ်-၁ သို့ တန်းတက်ရန် Horizon အသင်း အခြေအနေကောင်းနေ
တန်းတက်ရန် ရာခိုင်နှုန်းများနေသော Horizon အသင်း။ ဓာတ်ပုံ - MFF

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၁၇ ပွဲစဉ်များ ကစားအပြီးတွင် GFA အသင်းနှင့် ရမှတ် တူညီသွားသော Horizon အသင်းမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းတက်ကစားခွင့်ရရန် အခြေ အနေကောင်းနေသည်။

ပွဲစဉ် ၁၇ တွင် GFA အသင်းက မြဝတီအသင်းကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး Horizon အသင်းက ဖုန်ဂန်အသင်းကို ၁၀-၀ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် GFA အသင်းနှင့် Horizon အသင်းတို့ ရမှတ် တူညီ သွားခြင်း ဖြစ်သည်။

လက်ကျန် တစ်ပွဲ ကစားရန်အလိုတွင် Horizon အသင်းနှင့် GFA အသင်းတို့မှာ ရမှတ် ၃၅ မှတ်စီ တူညီနေကာ နောက်ဆုံးလက်ကျန်ပွဲစဉ် ၁၈ တွင် GFA အသင်းက ဆောက်သမ်းအသင်းနှင့် ပွဲကြပ် ကစားရမည်ဖြစ်ပြီး Horiozon အသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ကစားရမည် ဖြစ်သည်။

အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသော ဆောက်သမ်းအသင်းသည် ပွဲစဉ်မကုန်ဆုံးမီ၌ပင် ၂၀၁၆ လိဂ်-၁ သို့ တန်းတက်သွားပြီ ဖြစ်သည်။ ပွဲစဉ် ၁၈ GFA အသင်းနှင့်ပွဲတွင်ဆောက်သမ်း အသင်းသည် မည်သည်ရလဒ် ရစေကာမူ တန်းတက်ခွင့် ရရှိထားပြီးဖြစ်သော်လည်း ဆောက်သမ်းအသင်းသည် ရှုံးပွဲမရှိစံချိန်ဖြင့် လိဂ်-၁ သို့ တန်းတက်မည့် စံချိန်ကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်း ထားဖွယ် ရှိသည်။

ထို့ကြောင့် GFA အသင်းသည် နောက်ဆုံးပွဲစဉ်တွင် ဆောက်သမ်းအသင်းထံမှ ရမှတ် ရရှိရန် မလွယ်ကူဘဲ Horiozon အသင်းကသာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရရန် ရာခိုင်နှုန်း များနေ သည်။ ပွဲစဉ် ၁၇ အခြားပွဲ ရလဒ်များမှာ တက္ကသိုလ်လက်ရွေးစင်အသင်းက Best United အသင်းကို ၈-၂ ၊ ဆောက်သမ်းအသင်းက ဒဂုံအက်ဖ်စီအသင်းကို ၁-၀ ဂိုး၊ မောရဝတီအသင်း ကငွေကြယ်ပွင့်အသင်း ကို ၄-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly