အဲအေးရှား ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ခရီးစဉ် မိတ်ဆက် ၊ ခရီးစဉ် တစ်ကြောင်းလျှင် 35 USD* မှ စတင်ပျံသန်း

အဲအေးရှား ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ခရီးစဉ် မိတ်ဆက် ၊ ခရီးစဉ် တစ်ကြောင်းလျှင် 35 USD* မှ စတင်ပျံသန်း

 

ရန်ကုန်၊၂၀၁၈ ဇွန်လ ၁၁ရက် - အဲအေးရှားမှ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လျှင် ၃ ရက်(အင်္ဂါ၊ကြာသပတေး၊စနေ) ပြေးဆွဲမည်ဖြစ်ပြီး ကြီးမားသော Airbus A320 နှင့်အတူ အလွန်သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါသည်။ ၂၀၁၈ ဇွန်လ ၁၁ရက် မှ ၂၄ ရက်အထိ ခရီးစဉ်တစ်ကြောင်းလျှင် 35 USD* မှစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ ခရီးသွားကာလမှာ ခရီးစဉ် စတင်ပြေးဆွဲသော ၂၀၁၈ ဩဂုတ် ၁၁ရက် မှ အောက်တိုဘာ ၂၇ရက်အထိ ဖြစ်သည်။

ထိုင်းအဲအေးရှား၏ CEO၊Mr. Santisuk Klongchaiya မှ "အခုဆိုရင် အဲအေးရှားနှင့်အတူ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့လေးကို ရန်ကုန်ကနေ တိုက်ရိုက် ပျံသန်းနိုင်တော့မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ တစ်ပတ်လျှင် ၃ ရက်(အင်္ဂါ၊ ကြာသပတေး၊ စနေနေ့)တွေမှာ ပြေးဆွဲမှာဖြစ်ပါတယ်။ ထူးခြားတဲ့ နေရာနှစ်ခုကို ဆက်သွယ်ပြီး နှစ်နေရာလုံးရဲ့ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း တိုးတတ်လာစေမှာဖြစ်ပါတယ်။" ဟုပြောကြားခဲ့သည်။

"ရိုးရာယဉ်ကျေးမှုနဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုများရှိတဲ့ ချင်းမိုင်မြို့ကို မိတ်ဆက်ပေးဖို့အတွက် ကျွန်တော်တို့ အခွင့်အလမ်းများ တွေ့ရှိခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ပျံသန်းချိန် ၁နာရီလောက်သာ ကြာမှာဖြစ်တဲ့အတွက် အရမ်းမြန်ဆန်မှာဖြစ်ပြီး ကြီးမားတဲ့ Airbus A320 နဲ့ ပျံသန်းမှာ ဖြစ်ပါတယ်။ အဲအေးရှားရဲ့ အားသာချက်များဖြစ်တဲ့ သက်သာသော စျေးနှုန်းနှင့်အတူ တိကျတဲ့ လေယာဉ်အချိန်၊ ကျယ်ပြန့်သော ခရီးစဉ်ကွန်ရက်များနဲ့ ထွက်ပေါ်လာမှာဖြစ်ပါတယ်"ဟု Mr. Santisuk မှပြောကြားခဲ့ပါသည်။

ချင်းမိုင်မြို့သည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ အချက်အချာကျသော မြို့ဖြစ်ပြီး နိုင်ငံတကာ ခရီးသည်များကြားမှာ ကျော်ကြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ အနုပညာ လက်ရာများနှင့်အတူ သဘာဝအလှအပများစွာရှိတဲ့ ချင်းမိုင်မြို့မှာဆိုရင် Wat Doi Suthep ဘုရား ၊ Rachapruek တော်ဝင်ဥယျာဉ်၊ Chiang Mai တိရစ္ဆာန်ရုံတို့အပြင် အခြားလည်ပတ်စရာနေရာများစွာလည်း ရှိပါသည်။ ခေတ်ဆန်သော ယနေ့ခေတ်အငွေ့အသက်များ ထင်ဟပ်နေမယ့် Nimmanhemin လမ်း၊ ချင်းမိုင် ဆယ်ကျော်သက်လေးတွေကြားမှာ ခေတ်စားနေလျှက်ရှိသော Mid-valley café၊ The Giant Treehouse၊ ခရီးသွားဧည့်သည်များ လာပြီးရင်းလာချင်ဖြစ်နေကြတဲ့ အပန်းဖြေ အနားယူစရာ နေရာများအပြင် စျေးဝယ်ထွက်စရာ နေရာတွေကလည်း department stores ကနေ လမ်းဘေး ညနေခင်းစျေးဆိုင်များအထိ စုံလင်လှပါသည်။

ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ပရိုမိုးရှင်းစျေးနှုန်း ခရီးစဉ်တစ်ကြောင်းလျှင် 35 USD* (စည်းကမ်း သတ်မှတ်ချက်များရှိပါသည်) ဖြင့် စတင်မိတ်ဆက်မှာဖြစ်ပြီး ကြိုတင်ဝယ်ယူရမည့်ကာလ ၂၀၁၈ ဇွန်လ ၁၁ရက် မှ ၂၄ရက်အထိ၊ ခရီးသွားကာလမှာ ခရီးစဉ်စတင်ပြေးဆွဲသော ၂၀၁၈ ဩဂုတ်လ ၁၁ရက် မှ အောက်တိုဘာ၂၇ရက်အထိ ဖြစ်ပါသည်။ www.airasia.com နှင့် အဲအေးရှား လတ်မှတ်ရောင်းချသော နေရာများအားလုံးတွင် ဝယ်ယူနိုင်ပါသည်။

ဖော်ပြပါပရိုမိုးရှင်းစျေးနှုန်းမှာ လေဆိပ်ခွန်ပါ၀င်ပြီးဖြစ်ပြီး ခရီးဆောင်အိတ် အပို ၀န်သယ်ဆောင်စရိတ်များ၊ လေယာဉ်တွင်း အစားအသောက်များအတွက် စရိတ်များအစရှိတဲ့ ထပ်ပေါင်း ဝန်ဆောင်မှုစရိတ်များကို ပေးဆောင်ရန်လိုအပ်ပါသည်။ credit card၊debit card နှင့် charge card များမှကောက်ခံသော processing fees ပေးဆောင်ရမည်ဖြစ်ပြီး အခြားသော စည်းကမ်းသတ်မှတ်ချက်များ လိုက်နာရန်လိုအပ်ပါသည်။

 

ရန်ကုန် (RGN) - ချင်းမိုင် (CNX) ခရီးစဉ်ဇယား

၂၀၁၈ ဩဂုတ် ၁၁ရက်တွင် စတင်ပြေးဆွဲပါမည်။

 

Route

Flight

Time

Service Day

Duration

ရန်ကုန် - ချင်းမိုင်

 

FD 803

၁၄:၄၅ - ၁၆:၃၀

အင်္ဂါ၊ကြာသပတေး၊စနေ

တစ်နာရီ

ချင်းမိုင်-ရန်ကုန်

FD 802

၁၃:၁၅ - ၁၃:၄၅

အင်္ဂါ၊ကြာသပတေး၊စနေ

တစ်နာရီ

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly