မြန်မာနိုင်ငံအား လွန်ကဲစွာဖိအားပေးခြင်းကို ကန့်ကွက်ကြောင်း တရုတ်သံအမတ်ကြီး ဆို

မြန်မာနိုင်ငံအား လွန်ကဲစွာဖိအားပေးခြင်းကို ကန့်ကွက်ကြောင်း တရုတ်သံအမတ်ကြီး ဆို

 

ဇွန် ၉၊ ရန်ကုန်။        ။   မြန်မာနိုင်ငံအား နိုင်ငံတကာမှ လွန်ကဲစွာ ဖိအားပေးခြင်းကို ကန့်ကွက်ကြောင်း တရုတ် သံအမတ်ကြီး Mr. Hong Liang  က ဇွန်လ၈ရက်တွင်  ပြောသည်။  ရန်ကုန်မြို့  ဆူးလေ ရှန်ဂရီလာဟိုတယ်တွင်  ပြုလုပ်ခဲ့သည့်  တတိယအကြိမ် တရုတ်- မြန််မာ ပေါက်ဖော် ချစ်ကြည်ရေးနေ့ အခမ်းနားတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတကာအသိုင်းအဝိုင်းကမြန်မာနိုင်ငံရဲ့သက်ဆိုင်ရာပြဿနာကို ကျကျနနကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပြည်ပပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးပေးကြဖို့တိုက်တွန်းပြီး ပြင်ပအင်အားစုမှ အခွင့်ကောင်းယူ၍ မြန်မာနိုင်ငံကို လွန်ကဲစွာဖိအားပေးခြင်းကို ကန့်ကွက်ဆန့်ကျင်ပါတယ်" ဟု Mr.HongLiangက ပြောကြားခဲ့သည်။

ထို့အပြင်  မြန်မာဘင်္ဂလားဒေရှ့်နှစ်နိုင်ငံချုပ်ဆိုထားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသဘောတူစာချုပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပြီး နှစ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီဆက်လက်ပေးသွားမည်ဟုလည်း ပြောကြားသွားသည်။

Mr. Hong Liang "ကျွန်တော်တို့ က ရခိုင်ပြည်နယ် ဆင်းရဲ နွမ်းပါး လျော့ချရေး မြန်မာ ဘက်နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေး နဲ့ လူမှုှုဘဝ ကောင်းမွန်တိုးတက်စေပြီး ရခိုင်ပြည်နယ် အရေးကို ဇစ်မြစ်မှ ထိရောက်စွာ ဖြေရှင်းဖို့ မျှော်လင့်ပါတယ်" ဆက်ပြီး ပြောသွားခဲ့သည်။

တရုတ် - မြန်မာ ပေါက်ဖော် ချစ်ကြည်ရေးနေ့ ကို ၂၀၁၆ ကတည်းက ဆက်တိုက်  ကျင်းပ လာခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly