လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ

ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓါတ်ခွဲခန်းသုံး အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေကြောင်း ပြောပြပါရစေ။

 

လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေသလဲ။

လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်မှ အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိ်မ်ထဲ သေးငယ်သော သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ထိုချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများတွင် မှေးမှိန်သော လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ထိုလမ်းကြောင်းများက ပိုထင်ရှားလာကာ လက်ဗွေဖြစ်လာပါတယ်။

ပညာရှင်များက လက်ဗွေများဖြစ်ပေါ်လာသော အချိန်ကို ပြောပြနိုင်သော်လည်း ထိုဖြစ်စဉ်ရဲ့ အလုံးစုံကို တိကျစွာ နားမလည်ကြသေးပါ။ ပညာရှင်အများစုက အရေပြားအလယ်လွှာ သည် အပေါ်လွှာနှင့် အောက်ဆုံးလွှာအကြားတွင် ဖိ၍ ပုံသွင်းခြင်းခံရသောကြောင့် ဖြစ်သည်ဟူသော သီအိုရီကို လက်ခံထားကြပါတယ်။ အရေပြားရဲ့ အောက်ဆုံးလွှာက ကျန်အလွှာများထက် ပိုမြန်စွာ ဖွံ့ဖြိုးပါတယ်။

ထိုမညီမျှခြင်းက အရေပြားလွှာများကို အချင်းချင်း လိမ်ခေါက် ပေါင်းစပ်သွားစေကာ ထိုအခေါက်များက လက်ချောင်းများတွင် အပြင်မှမြင်ရသော ပုံစံကို ဖြစ်စေပါတယ်။

ထိုပုံစံများက သန္ဓေသားအရွယ်မှာ ဖြစ်ပြီး ပြင်ပမှ မည်သည့် ထိခိုက်မှုမျိုးကမှ ထိုပုံစံကို ပြောင်းလဲ၍ မရပေ။

လက်ချောင်းများရဲ့ အပေါ်အရေပြားတွင် မြင်ရတဲ့ ဗွေပုံစံ ကဘာလဲ။

ထိုဗွေများသည် ပျက်စီးထိခိုက်မှု မကြာခဏဖြစ်ပါက ဥပမာ လက်သဲကိုက်ခြင်း၊ ထိုသို့ဖြင့် အရေပြားရဲ့ အစိတ်အပိုင်းသည် တူညီသော ထိခိုက်မှုများကို မကြာခဏခံစားရပြီး ပုံစံ ပျက်စီးယိုယွင်း သွားနိုင်ပါတယ်။ ထိုအားနည်းချက်ကြောင့် ရာဇဝတ်သားအတော်များများက သူတို့ရဲ့ လက်ဗွေများကို ဖျက်စီးကာ ရာဇဝတ်မှုကျူးလွန်ရာတွင် မည်သည့် လက်ဗွေရာများ မကျန်အောင်ပြုလုပ်ကြသည်။

သို့သော် လက်ဗွေအများစုသည် အရေပြား အောက်ဆုံးလွှာများတွင် အခြေတည်သဖြင့် အချိန်ကြာလာသည်နှင့် နဂိုပုံစံပြန်ထွက်ပေါ်လာနိုင်ပါတယ်။

ဘာကြောင့် လက်ဗွေများက ထူးခြားလဲ။

လက်ဗွေပုံစံများကို အချက်နှစ်ချက်ဖြင့် ဆုံးဖြတ်ပါတယ်။ ၄င်းတို့မှာ မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင် အချက်များပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အချက်များမှာ-

-သွေးပေါင်

-သွေးတွင်း အောက်စီဂျင်ပမာဏ

-မိခင်ဆီမှရသော အာဟာရ

-ဟော်မုန်းပမာဏ

-သန္ဓေသားရဲ့ အနေအထား

-လက်အနေအထား

-သန္ဓေသားပတ်လည်ရှိ အရည်များရဲ့ ဖိအား

ကွဲပြားမှုများစွာရှိသဖြင့် လူနှစ်ယောက်ရဲ့ လက်ဗွေပုံစံတူဖို့က အင်မတန်ခဲယဉ်းပါတယ်။

ထို့ကြောင့် လက်ဗွေများသည် လူတစ်ယောက်ရဲ့ အထူးခြားဆုံးလက္ခဏာရပ်တစ်ခု ထဲမှာ အမြဲပါ၀င်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly