မျက်လုံးပွတ်ခြင်း၏ အန္တရာယ်

မျက်လုံးပွတ်ခြင်း၏ အန္တရာယ်

ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

လူတွေက မျက်လုံးထဲ ပြင်ပအရာတစ်ခုခု ၀င်သွားပါက သို့မဟုတ် ပင်ပန်းပြီး အိပ်ငိုက်သောအခါ မျက်လုံးကို လက်နှင့် ပွတ်တတ်သော အလေ့အကျင့်ရှိကြပါတယ်။ ၄င်းမှာ မကောင်းသော အလေ့အကျင့်ဖြစ်ပြီး မျက်လုံးတွင် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနို်င်ပါတယ်။

မျက်လုံးကို ပွတ်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

ကြည့်ရဆိုိးခြင်း

မျက်လုံးများကို ပွတ်လိုက်ပါက ကြည့်ရဆိုးပါတယ်။ မျက်လုံးထဲရှိ သေးငယ်သော သွေးကြောလေးများ ပေါက်ကာ အနီစက်များ ပေါ်သွားသောကြောင့်ဖြစ်ပါတယ်။ ထို့ပြင် မျက်ကွင်းများကို လည်း ညိုမဲစေနို်င်ပါတယ်။

မျက်လုံးရောင်ခြင်း

မျက်လုံးကို ပွတ်ခြင်းက မျက်လုံးရောင်စေပါတယ်။ လက်တွင် ပိုးမွှားများစွာ ကပ်နေသည်ကို လူတိုင်းသိကြပါတယ်။ ထို့ကြောင့် မျက်လုံးကို လက်နှင့် ပွတ်ပါက ပိုးများဝင်ကာ ရောင်ရမ်းခြင်းကို   ဖြစ်စေနိုင်ပါတယ်။

မျက်ကြည်လွှာ ပျက်စီးခြင်း

မျက်လုံးထဲတွင် ပြင်ပအရာတစ်ခုခု ၀င်ပြီးထုတ်မရတော့တာမျိုး ရှိတတ်ပါတယ်။ ထိုအခါ ဆက်တိုက် လက်နဲ့ ပွတ်မိတတ်ပါတယ်။ ထိုသို့ဖြင့် မျက်ကြည်လွှာ ပွန်းမိခြင်းဖြစ်တတ်ပါတယ်။

ထို့ပြင် မျက်ကြည်လွှာ ပါးလာနိုင်ါပတယ်။ ထိုအခြေအနေကို keratoconus လို့ခေါ်ပြီး ထိုမှတစ်ဆင့် အမြင်အာရုံ ထိခိုက်နိုင်ပါတယ်။

ရှိပြီးသား မျက်လုံးပြဿနာများရဲ့ ပြင်းထန်မှု

မျက်လုံးရေတိမ်ဖြစ်သူများနဲ့ အဝေးမှုန်သူများတွင် မျက်လုံးကို လက်နဲ့ ပွတ်ပါက အမြင်အာရုံကို ပိုဆိုးစေပါတယ်။ မျက်လုံးကို ဖိအားပိုဖြစ်စေကာ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ ထို့ပြင် အာရုံကြောများကို ထိခိုက်စေကာ အမြင်အာရုံ ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။

ထိုအကျင့်ဆိုးကို ဖျောက်ရ မခက်ခဲပါဘူး။ အောက်ပါ အချက်များကို လိုက်နာနိုင်ပါတယ်။

-မျက်လုံးထဲ ပြင်ပအရာတစ်ခု ကပ်နေပါက ပိုးသတ်ထားသော မျက်စင်းဆေးရည်၊ ချောဆီ၊ မျက်ရည်အတု များအသုံးပြုနိုင်ပါတယ်။ မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးများကို သိပြီးဖြစ်သဖြင့် မျက်လုံးကို လက်နဲ့ မပွတ်သင့်ပါ။

-မျက်လုံးအတွက် အကျိုးပြုတဲ့ မျက်စင်းဆေးရည်များစွာ ရှိပါတယ်။ မျက်ရည်တု၊ အယားပျေက်ဆေးရည် တို့ကို သုံးနိုင်ပါတယ်။ ဓါတ်မတည့်သူများ အတွက် စတီးရွိုက် မျက်ဆင်းဆေးရည်များ သုံးနိုင်ပါတယ်။

-မျက်စင်းဆေးရည်ကို ပုံမှန် သုံးခြင်းဖြင့် မျက်လုံးခြောက်ခြင်း၊ ယားခြငး် တို့မှ ကာကွယ်ပေးပြီး ရေဓါတ်ဖြည့်တင်းပေးပါတယ်။

-မျက်လုံးများ ခြောက်ပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

-ထို့ပြင် မျက်လုံး ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးနိုင်ပါတယ်။ ဥပမာ မုန်လာဥနီ၊ ငါးအဆီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ၊ လိမ္မော်သီး၊ ငရုတ်ကောင်း တို့ဖြစ်ပါတယ်။ ထို့ပြင် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်၊ ကယ်လ်စီယမ်၊ ငါးကြီးဆီ စသည့် ဖြည့်စွက်စာများ စားသုံးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly