သရက်ရွက်ကလည်း ဆေးဖက်ဝင်ပါတယ်

သရက်ရွက်ကလည်း ဆေးဖက်ဝင်ပါတယ်

 

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူတော်တေ်ာများများက သစ်သီးတွေကိုသာစားလေ့ရှိပြီး အသီးပင်တွေကအရွက်တွေကိုတော့ စားလေ့စားထသိပ်မရှိကြပါဘူး။ စားလို့ရတယ်လို့ မသိကြတာမျိုးရှိသလို စားဖို့ မသင့်တေ်ာဘူးလို့ထင်နေကြတာမျိုးလည်းရှိပါတယ်။ နောက်ဆုံးဖြစ်နိုင်တာတစ်ခုက အသီးလောက် အရွက်က အရသာမရှိတာကြောင့်ပါ။ အရွက်ကိုစားဖို့ဆိုတာကလည်း နုတုန်းတော့ဟုတ်တာပေါ့။ အရွက်ရင့်ရင့်တွေကိုတော့ ဘယ်သူမှ မစားချင်ကြပါဘူး။ ဒီတစ်ခေါက်မှာတော့ အရမ်းအရသာရှိတဲ့ သရက်သီးက အသီးတင် ကျန်းမာရေးအတွက် အထောက်အကူပြုတာမဟုတ်ဘဲ အရွက်ကလည်း ဆေးဖက်ဝင်တယ်ဆိုတာကို ပြောပြချင်တာပါ။

သရက်ရွက်မှာ ဗီတာမင် Cဗီတာမင် B နဲ့ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေတင်မကပါဘူး။ သရက်ရွက်မှာ ဖလေဗာနွိုက် နဲ့ phenol တို့ပါဝင်ပါသေးတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် တော်တေ်ာလေး အထောက်အကူပြုပါတယ်။

သရက်ရွက်ကနေရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက 

သရက်ရွက်မှာ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ သက်ရောက်မှုတွေကို ပေးနိုင်တဲ့ tannins နဲ့ anthocyanins တို့ပါဝင်ပါတယ်။ ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ သရက်ရွက်က သွေးကြောတွေကို ကျန်းမာသန်စွမ်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုးရောဂါကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သရက်ရွက်ကိုအမှုန့်လုပ်ပြီး စားသုံးပေးမယ်ဆိုရင် သည်းခြေနဲ့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေဖို့အတွက်လည်း သရက်ရွက်ကို အသုံးပြုပေးလို့ရပါတယ်။ သရက်ရွက်ပြုတ်ရည်ကို ပျားရည်နဲ့ရောစပ်သုံးဆောင်တာက အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာရင်ကြပ်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဝမ်းကိုက် နေသူတွေအနေနဲ့လည်း သရက်ရွက်အခြောက်ခံထားတဲ့အမှုန့်ကို သုံးဆောင်ပေးမယ်ဆိုရင် သက်သာစေမှာ အသေအချာပါ။

နေ့စဉ်လှုပ်ရှားနေရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့လည်း အနာကိုပိုးမဝင်စေဖို့ဆိုရင် သရက်ရွက်ပြုတ်ရည်နဲ့ အနာကို ဆေးပေးလို့ရပါတယ်။

အလှအပအတွက်လည်း သရက်ရွက်က ဒီလိုလေးအသုံးဝင်ပါသေးတယ်။ လှပချောမွေ့တဲ့ အသားအရေကို ပျိုမေတိုင်းပိုင်ဆိုင်ချင်မယ်ထင်ပါတယ်။ မျက်နှာမှာ ဝက်ခြံြဖစ်တဲ့အခါ စိတ်ညစ်ရသလို ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကလည်း တကယ်ကို အလှပျက်စေတဲ့ အရာပါ။  ဒီလိုမျိုးအလှပျက်စေတဲ့အရာတွေကို သရက်ရွက်သုံးပြီး  မောင်းထုတ်ပစ်လို့ ရပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သရက်ရွက်ကို အရိပ်အောက်မှာအခြောက်ခံပြီး အမှုန့်လုပ်ပါ။ ပြီးရင် သရက်ရွက်မှုန့်ကို ဒိန်ချဉ်နဲ့ရောစပ်ပြီး မျက်နှာပေါ်ကဝက်ခြံတွေနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလူးပေးလိုက်ပါ။ ခြောက်အောင်ထားပြီး မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေနိုင်သလို အသားအရေ မညီညာတာကိုလည်း သက်သာစေနိုင်ပါတယ်။

သရက်ရွက်ပြုတ်ရည်ကို ရေချိုးတဲ့အခါ ၂ ခွက် ၃ ခွက်စာလောက်ထည့်ချိုးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေပါလိမ့်မယ်။ သရက်ရွက်က စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ ဒီလောက်ထိအသုံးဝင်တဲ့ သရက်ရွက်ကို အလကားလွှင့်ပစ်တာမျိုးမလုပ်ဘဲ အကျိုးရှိရှိ အသုံးချလိုက်ကြရအောင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly