Miss Myanmar International 2015 ပြိုင်ပွဲတွင် ဆု ရရှိသည့် အလှမယ် ၃ဦး နိုင်ငံတကာ ခရီးသွားပြပွဲသို့ သွားရောက်မည်

Miss Myanmar International 2015 ပြိုင်ပွဲတွင် ဆု ရရှိသည့် အလှမယ် ၃ဦး နိုင်ငံတကာ ခရီးသွားပြပွဲသို့ သွားရောက်မည်

Miss Myanmar International 2015 ပြိုင်ပွဲတွင် ဆု ရရှိခဲ့သည့် ပထမဆုရအလှမယ်နှင့်အတူ 1st runner up ၊ 2nd runner up တို့ အလှမယ် ၃ ဦးသည် စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ပြုလုပ် မည့်နိုင်ငံတကာ ခရီးသွားပြပွဲ( International Travel Expro) သို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်အတူ သွား ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားက ဇာတ်ရုံ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် Miss Myanmar International 2015 Winner အဖြစ် အမရာငြိမ်းက ရရှိပြီး 1st Runner  Up ကို သဒ္ဒါMariah ၊ 2nd Runner Up ကို ခေါင်နန်းတို့က ရရှိသည်။ Miss popular Award ဆုကို အမရာငြိမ်းကပင် ထပ်မံ ရရှိခဲ့ပြီး Miss Talent Award ကို Ja SengIng ၊ Miss Green Award ကို ရွှေလမင်းအိမ် တို့က ရရှိကြသည်။

ဗီယက်နမ် နိုင်ငံ Ho Chi Minh City ၌ ပြုလုပ်မည့် နိုင်ငံတကာ ခရီးသွားပြပွဲ( International Travel Expro) သို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က Miss Myanmar International 2015 Winner အလှမယ် နှင့် 1st runner up ၊ 2nd runner up တို့ အလှမယ် ၃ဦးကို အတွေ့အကြုံ ရရှိစေရန် ခေါ်ဆောင်သွားခြင်း ဖြစ် သည်။

Miss Myanmar International Organization မှ ဒေါ်တင်မာမြင့် က " သူတို့ကို အရင်ဆုံး ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာခရီးသွားပြပွဲကို ခေါ်သွားမယ်။ ပြပွဲ သွားရင်းနဲ့လေ့ကျင့်မှုတွေ လည်း လုပ်သွား မယ်။ အဲဒီက ပြန်ရောက်ရင်တော့ အမရာငြိမ်းကို ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေ ဆက်လက် လုပ်ဆောင် သွားမှာပါ။ ပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့မေးခွန်းမေးဖြစ်တာကတော့ လူတွေ စိတ်ဝင်စားနေတဲ့ မြန်မာ နိုင်ငံရဲ့ အကြောင်းအရာတစ်ခုအပေါ် သူတို့ရဲ့ အတွေးအခေါ်တွေ စိတ်ဝင်စားမှုတွေ ဆန်းစစ်ချင်လို့ မေးမြန်းတဲ့ သဘောပါ" ဟု ပြောသည်။

ပြိုင်ပွဲဝင်များက မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် ၁၀ ဦး ၊ ၅ ဦး ၊ ၃ ဦးဖြင့် အဆင့်ဆင့် ရွေးချယ်ကာ နောက်ဆုံး ဆန်ကာတင် အလှမယ် ၃ဦးအား ဗဟုသုတမေးခွန်း များမေးမြန်း စစ်ဆေးခဲ့သည်။

Miss Myanmar International 2015 Winner အဖြစ် ရွေးချယ်ခြင်း ခံရသည့် အလှမယ် အမရာငြိမ်း သည် နိုဝင်ဘာလတွင် ဂျပန် နိုင်ငံရှိ Shinagawa Prince Hotel ၌ ကျင်းပမည့် Miss International Beauty Pageant 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က Miss International Beauty Pageant ပြိုင်ပွဲအတွက် ၂၀၁၂ ခုနှစ်တွင် နန်းခင်ဇေယျာကို ပထမဆုံး စေလွှတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော် ၊ ၂၀၁၄ ခုနှစ်တွင် 1st runner up မေဘရဏီသော်ကို စေလွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly