အင်္ဂါဂြိုဟ်ပေါ်က ကျောက်တုံးများတွင် နှစ်သက်တမ်း သုံးဘီလီယံရှိ ဇီဝမော်လီကျူးများ နာဆာ တွေ့ရှိ

အင်္ဂါဂြိုဟ်ပေါ်က ကျောက်တုံးများတွင် နှစ်သက်တမ်း သုံးဘီလီယံရှိ ဇီဝမော်လီကျူးများ နာဆာ တွေ့ရှိ

 

၀ါရှင်တန်၊ ဇွန် ၈ ။           ။ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိနေကာ ယခုထိ စူးစမ်းမှုများ လုပ်ဆောင်လျက်ရှိသော ကျူရီရိုစီတီး စက်ရုပ်ယာဉ်က ဂြိုဟ်ပေါ်ရှိ ကျောက်တုံးများတွင် လွန်ခဲ့သော နှစ် သုံးဘီလီယံက ဖြစ်တည်ခဲ့သည့် ဇီဝမော်လီကျူးများကို တွေ့ရှိသည်။

ယခု တွေ့ရှိချက်ကြောင့် ယင်းအချိန်က ဂြိုဟ်နီကြီးပေါ်တွင် သက်ရှိဖြစ်တည်မှု ရှိခဲ့မည်ဟု ညွှန်ပြနိုင်ဖွယ် ရှိသည်။

စိတ်လှုပ်ရှားဖွယ်ရာ တွေ့ရှိချက်တစ်ရပ်ဖြစ်သော်လည်း သိပ္ပံပညာရှင်များအနေဖြင့် ယင်းမော်လီကျူးများ ဇီဝဖြစ်တည်ခဲ့မှုနှင့် ပတ်သက်ကာ မရှင်းလင်းနိုင်သေးကြောင်း နာဆာ၏ ဆိုလာစနစ်ရှာဖွေရေးဌာန ညွှန်ကြားရေးမှူး ပေါလ်မာဟတ်ဖ်ဖီက ဆိုသည်။

ယခု မားစ်ဂြိုဟ် ခေါ် အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်တုံးများမှ ဇီဝမော်လီကျူးများ တွေ့ရှိမှုသည် ရှေးအသီတေက သက်ရှိဖြစ်ထွန်းမှုအတွက် သက်သေဖြစ်နိုင်သော်လည်း ယင်းတို့မှာ ဂြိုဟ်ပေါ်သို့ ကြွေကျသော ဥက္ကာခဲများ သို့မဟုတ် အခြားရင်းမြစ်များမှ ရောက်ရှိလာခြင်းလားဆိုခြင်းကိုလည်း အတည်မပြုနိုင်ပေ။

 ကျူရီရိုစီတီး စက်ရုပ်ယာဉ်မှ ပေးပို့သော အချက်အလက်များအရ ဂြိုဟ်ပေါ်ရှိ ဂါလီမီးတောင်အတွင်း ရေတိမ်အိုင်တစ်ခု လွန်ခဲ့သော နှစ်ဘီလီယံများစွာ ဖြစ်ထွန်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် အင်္ဂါဂြိုဟ်၌ ရှေးက သက်ရှိများ ရှိသည့် လက္ခဏာရပ်က ဖြစ်တန်ခြေ ရှိလာပြီး နောက်ထပ် မစ်ရှင်များတွင် ဇီဝမော်လီကျူးများနှင့် အခြားသက်ရှိလက္ခဏာရပ်များကို  ပိုမိုစူးစမ်းသွားမည်ဖြစ်ကြောင်း နာဆာတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly