ပခုက္ကူမြို့ ​ရွှေ​ချောင်​း ​ချောင်​းရေတိုက်စား၍ လူ​နေအိမ်​အချို့နှင်​့ ကားတစ်​စီး ​မျောပါ

ပခုက္ကူမြို့ ​ရွှေ​ချောင်​း ​ချောင်​းရေတိုက်စား၍ လူ​နေအိမ်​အချို့နှင်​့ ကားတစ်​စီး ​မျောပါ

 

ပခုက္ကူ၊ ဇွန်​ ရ ။       ။ မိုးအဆက်​မပြတ်​ရွာသွန်​းသဖြင်​့ ဇွန်လ ရ ရက်​ေ​န့နံနက်​က ​ပခုက္ကူမြို့ ​ရွှေ​ချောင်​း ​ချောင်​း​ရေတိုက်​စားမှု​ကြောင်​့ ​​ချောင်း​ေ​ဘးရှိ ​လူနေအိမ်​ အချို့ နှင်​့ ကားတစ်​စီး ​မျောပါသွားခဲ့​ကြောင်​း သိရသည်​။

"​ရွှေ​ချောင်​း ​ချောင်​း​ရေ​ကြောင်​့ အိမ်​ ရ လုံး ​မျောပါခဲ့ပြီး​တော့ ဖျက်​​ရွှေ့ရတဲ့အိမ်​ ၅လုံးရှိပါတယ်​။ပြီး​တော့ ဓမ္မာရုံတစ်​ခုဖျက်​​ရွှေ့ခဲ့ရပါတယ်​။လက်​ရှိက​တော့ ခရိုင်​​ဘေးအန္တရာယ်​ ဥက္ကဌ ဦးစီးပြီး​တော့ ပခုက္ကူမြို့နယ်​​ဘေးအန္တရာယ်​အဖွဲ့​တွေနဲ့ ကူညီ​ဆောင်​ရွက်​လျှက်​ရှိပါတယ်​"ဟု မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးမြင်​့​ဆောင်​က ​ပြောသည်​။

ပခုက္ကူမြို့တွင် ဇွန်​လ ၅ ရက်​​နေ့က မိုး​ရေချိန်​လက်​မ ၁ဒသမ ၄၆ လက်​မနှင်​့ ဇွန်​လ ၆ ရက်​​နေ့၌ မိုး​ရေချိန်​ ၁ ဒသမ ၉၆ လက်​မ ရွာသွန်​းခဲ့သည်​ဟု သိရသည်​။

"ညက မိုး​ရေချိန်​ ၁ ဒသမ ၉၆လက်​မ ရွာတယ်​။အရင်​​နေ့က မိုး​ရေချိန်​ ၁ ဒသမ ၄၆လက်​မရွာတယ်​။ဒီလို ရွာတဲ့အတွက်​ ​ရွှေ​ချောင်​း ​ချောင်​းတ​လျှောက်​ အထက်​အဖျားက​နေ မိုးကြီးလာတဲ့အတွက်​ ပခုက္ကူ ​ရွှေ​ချောင်​းဧရိယာက ခုလို ကျယ်ပြန်​့​့နေခြင်​းဖြစ်​ပါတယ်​"ဟု ဦးမြင်​့​ဆောင်​က ​ပြောသည်​။

လက်​ရှိအချိန်​တွင်​ ​ဌာနဆိုင်​ရာများ၊အရပ်​ဖက်​အဖွဲ့အစည်​းများက ​နေအိမ်​အချို့အား ​ရေလွတ်​ရာ​နေရာများသို့ ​ရွှေ့​ပြောင်​း​ပေးလျှက်​ ရှိကြသည်​။ ​ချောင်​း​ရေအတွင်​း ​မျောပါသွားသည်​့​နေအိမ်​များနှင်​့ ​ရွှေ့​ပြောင်​းရသည်​့​နေအိမ်​များကို သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန်​့ခွဲ​ရေးဦးစီးဌာနမှ ​ထောက်​ပံ့​ပေး​ပေးအပ်​သွားမည်​ဟု သိရသည်​။

 "လုံးဝပျက်​စီးသွားတဲ့ အိမ်​ ရ လုံး သွပ်​မိုးတိုက်​အိမ်​အ​တွက်​ အိမ်​​​ဆောက်​ပစ္စည်​းဘိုး ၂သိန်​း ၊ ကျန်​သာမန်​အိမ်​​တွေအတွက်​ အိမ်​​ဆောက်​ပစ္စည်​းဘိုး ၁သိန်​းရယ်​၊လူဦး​ရေ တစ်​ဦးချင်​းစီ အလိုက်​ နိုင်​ငံ​တော်​​နေနဲ့ ဆန်​ရိက္ခာဖိုး​တွေ​ထောက်​ပံ့ထားပါတယ်​"ဟု ပခုက္ကူခရိုင်​ သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန်​့ခွဲ​ရေးဦးစီးဌာနမှ ​လက်​​ထောက်​ညွန်​ကြား​ရေးမှူးဦး​နေဝင်​း က​ပြောသည်​။ ​

ရွှေ​ချောင်​း ​ချောင်​း​ရေ တိုက်​စားမှု​ကြောင်​့ ၂၀၁၁ခုနှစ်​အတွင်​းက အိမ်​​ခြေ ရာနှင်​့ချီ​မျောပါခဲ့ဘူးပြီး လူဦး​ရေ ရာနှင့်ချီ၍ ​သေ​ကျေခဲ့ရသည်​့ ​ချောင်​းတစ်​ခုဖြစ်​သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly