‘စပိန်အသင်းဟာ ကမ္ဘာ့ဖလားဆုဆွတ်ခူးဖို့ ရေးပန်းစားဆုံးအသင်းမဟုတ်’ - ဒဲလ်ဘော့စကေး

‘စပိန်အသင်းဟာ ကမ္ဘာ့ဖလားဆုဆွတ်ခူးဖို့ ရေးပန်းစားဆုံးအသင်းမဟုတ်’ - ဒဲလ်ဘော့စကေး
(ဓာတ်ပုံ - အီးပီအေ)

စပိန်လက်ရွေးစင်အသင်းဟာ လာမယ့်အပတ်မှာ ရုရှားမှာ စတင်ကျင်းပတော့မယ့်၂၀၁၈ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးဖို့ ရေပန်းစားဆုံး တစ်ခုတည်းသော အသင်းတစ်သင်း မဟုတ်ကြောင်း စပိန်အသင်းနည်းပြဟောင်း ဒဲလ်ဘော့စကေးက သူ့ရဲ့ ထင်မြင်ချက်ကို ပြောခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံအသင်းဟာ ချန်ပီယံဖြစ်ဖို့ ရေးပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် အကောင်းဆုံးအသင်း မဟုတ်ကြောင်း စပိန်နည်းပြဟောင်းက ပြောပါတယ်။

စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲများဟာ အပြုသဘောဆောင်ပြီး တောင့်တင်းတဲ့ အသင်းတစ်သင်းရဲ့ အဆင့်တစ်ခုမှာရှိနေတယ်လို့ သူက ပြောပါတယ်။

ဒဲလ်ဘော့စကေးက စပိန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်ဖို့ဆိုရင် ကစားသမားကောင်းတွေရဲ့ ပေါင်းစပ်မှု၊ အသင်းကောင်းတစ်သင်း၊ ကောင်းမွန်တဲ့ နည်းပြမှုနဲ့ အားပေးကောင်းတဲ့ ပရိသတ်တွေရှိဖို့ လိုအပ်မှာဖြစ်သလို ကံကောင်းမှုတွေလဲ လိုအပ်ပါလိမ့်မယ်လို့ ထည့်သွင်းပြောကြားပါတယ်။

ဒဲလ်ဘော့စကေးဟာ သူ့ရဲ့ လက်ထက်မှာ စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားရယူပေးခဲ့သလို ယူရို ၂၀၁၂ ဖလားကိုလည်း ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အီတလီအသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရပြီးနောက် (၈) နှစ်ကြာနည်းပြခဲ့တဲ့ စပိန်အသင်းမှ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန်လ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး စပိန်အသင်းဟာ အုပ်စု (B) မှာ ပေါ်တူဂီ၊ အီရန်နဲ့ မော်ရိုကိုအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags