ဆိုးလ်မြို့ မိုးမျှော်တိုက်ကို တက်ဖို့ ကြိုးစားခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား တားဆီးခံလိုက်ရ

ဆိုးလ်မြို့ မိုးမျှော်တိုက်ကို တက်ဖို့ ကြိုးစားခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား တားဆီးခံလိုက်ရ

ဇွန် ၆ ။            ။ ပြင်သစ် ပင့်ကူလူသားလို့ လူသိများတဲ့ အမြင့်တက်သမား အလိန်း ရောဘတ်ဟာ ဇွန်လ ၆ ရက်က တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ ပဥ္စမမြောက် အမြင့်ဆုံး အဆောက်အအုံကို အလွတ်တက်ပြဖို့ ကြိုးပမ်းခဲ့ပေမယ့် ခရီးတစ်ဝက်လောက်အရောက်မှာပဲ တားဆီးခံလိုက်ရပါတယ်။

သူဟာ အထပ်ပေါင်း ၁၂၃ ထပ်ရှိ ဆိုးလ်မြို့က Lotte World Tower ကို တက်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် လုံခြံုရေးတွေက သူ့ကို တားဆီးခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ပြင်သစ်ပင့်ကူလူသားဟာ အဆိုပါ အထပ်မြင့်အဆောက်အဦးကြီးကို ကြိုးအကူအညီမပါဘဲ လက်ဗလာနဲ့ အလွတ်တက်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

" ကျွန်တော် အထပ်ပေါင်း ရ၅ ထပ်တောင် ရောက်နေပါပြီဗျာ၊ ခုဟာက ကြောင်နဲ့ ကြွက်လို ဖြစ်နေတယ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ လက်လျှော့လိုက်ပါတယ်လေ" ဆိုပြီး ရောဘတ်က ပြောပါတယ်။

သူ့ကိုတော့ တာဝန်ရှိသူတွေက ခေါ်ယူထိန်းသိမ်းစစ်မေးခဲ့ပါတယ်။

ဒါပေမယ့် ခုလိုမိုးမျှော်တိုက်ပေါ် တက်ဖို့ လုပ်ရခြင်းက တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား မကြာသေးမီက ဆက်ဆံရေး နွေးထွေးလာခြင်းကို ဂုဏ်ပြုဖို့ ရည်ရွယ်တယ်လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly