ယေရုရှလင်မြို့မှာ အစ္စရေးအသင်းနဲ့ ကစားမယ့် အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ရဲ့ အကြီးတန်းအရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
“အာဂျင်တီးနားနဲ့ အစ္စရေးအသင်းတို့ရဲ့ ပွဲစဉ်ကို သူတို့ ဆိုင်းငံ့လိုက်တာက ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ဟာ မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့တာပါ။ အဲဒီနေရာတွေမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲရင် သူတို့ လူအများအပြား အဲဒီမှာ သတ်ခဲ့တယ်။ လူသားတစ်ဦးအနေနဲ့ ဒါကို လက်ခံလို့ မရနိုင်ဘူး။”လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ရဲ့ ဒုဥက္ကဌ ဟူဂို မိုရာနိုက Radio 10 ကို ပြောပါတယ်။
“ကစားသမားတွေရဲ့ မိသားစုဝင်တွေဟာ ခြိမ်းခြောက်မှုတွေကြောင့် ခံစားနေရခဲ့ကြပါတယ်။”လို့ သူက ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အသင်းရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် စနေနေ့မှာ ဂျေရုရှလင်မြို့မှာ ကစားမယ့်ပွဲစဉ်အတွက် ဘာစီလိုနာမှာ ရက်ပေါင်းများစွာ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ဟာ ဇွန်လ ၁၆ ရက်အဖြစ် သတ်မှတ်ထားပါတယ်။
ဂျေရုရှလင်မှာ ကစားမယ့် အသင်းရဲ့ အစီအစဉ်ကို အာဂျင်တီးနားနဲ့ စပိန်ရှိ အသင်းရဲ့ လေ့ကျင့်ခန်းစခန်းပြင်ပ နှစ်ခုစလုံးမှာ လူတွေက ဆန့်ကျင်ဆန္ဒပြပါတယ်။
“ဂျေရုရှလင်ဆီ လာကစားမယ့် အဲဒီအခိုက်အတန့်တွေကို လူတိုင်းဟာ အမျက်ထွက်မှာပါ။”လို့ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ အစောပိုင်းက EFE ကို ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ ဂျေရုရှလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်းနှင့် တဲလ်အဗစ်ရှိ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။
Ref; EFE-EPA