ပစိဖိတ်သမုဒ္ဒရာကို လက်ပစ်ကူး ဖြတ်ကျော်မယ့် ပြင်သစ်ရေကူးသမား

ပစိဖိတ်သမုဒ္ဒရာကို လက်ပစ်ကူး ဖြတ်ကျော်မယ့် ပြင်သစ်ရေကူးသမား

ဇွန် ၅ ။           ။ ပစိဖိတ်သမုဒ္ဒရာကို လက်ပစ်ကူးဖြတ်ကျော်ပြီး မှတ်တမ်းသစ်တင်နိုင်ဖို့ ကြိုးစားမယ့် ပြင်သစ်နိုင်ငံက ဘန် လီကွန်တီ အမည်ရ ရေကူးသမားတစ်ဦးကတော့ ၎င်းရဲ့ စွန့်စားခန်း ခရီးစဉ်ကို  ဇွန်လ ၅ ရက်မှာပင် စတင်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဘန် လီကွန်တီ ဟာဆိုရင် တိုကျိုကနေ ဆန်ဖရန်စစ္စကိုအထိ ခရီးအကွာအဝေး ကီလို ၉,၀၀၀ (မိုင်ပေါင်း ၅,၆၀၀) ခရီးကို ရေကူးဖြတ်ကျော်သွားမှာ ဖြစ်ပါတယ်။

၎င်းဟာဆိုရင် ငါးမန်း ပေါသလို ပလက်စတစ် အညစ်အကြေးတွေနဲ့ ပြည့်နှက်နေမယ့် ရေလမ်းခရီးကို ဖြတ်ကျော် ကူးဖြတ်ရမှာ ဖြစ်ပါတယ်။

ခရီးလမ်းတစ်လျှောက် ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ၊ ငါးမန်းတွေ၊ jellyfish တွေနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ကမ္ဘာ့အကြီးဆုံး  သမုဒ္ဒရာကို အောင်မြင်စွာ ဖြတ်ကူးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဘန် လီကွန်တီ ဟာဆိုရင် တိုကျိုကမ်းရိုးတန်းကနေ ၎င်းရဲ့ ခရီးစဉ်ကို စတင်ကူးခတ်တာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ အမေရိကန်ကမ်းခြေအထိ ရောက်အောင် သွားမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ၎င်းနှင့်အတူ အကူသင်္ဘောတစ်စီးနဲ့ အဖွဲ့သားတွေက လိုက်ပါစောင့်ကြပ်ပေးမှာဖြစ်ပြီး ယင်းသင်္ဘောမှာ စားသောက်၊ အနားယူ၊ အိပ်စက်သွားမှာဖြစ်ပါတယ်။

၎င်းဟာ တစ်နေ့ကို ရှစ်နာရီလောက် ရေကူးသွားမှာဖြစ်တဲ့အတွက် အမေရိကန်အထိ ရောက်ဖို့ ခြောက်လကနေ ရှစ်လအကြား ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly