မြန်မာနေရှင်နယ်လိဂ်အတွက် MPT MNL App ကို မိတ်ဆက်

မြန်မာနေရှင်နယ်လိဂ်အတွက် MPT MNL App ကို မိတ်ဆက်

ဇွန်လ ၅ ။          ။ MNL ဘောလုံးပွဲစဉ်များ၊ နောက်ဆုံးရ သတင်းများ၊ ဂိုးရလဒ်များကို သိနိုင်မည့် MPT MNL App ကို မြန်မာ့ဆက်သွယ်ရေး အော်ပရတာ MPT မှ ဘောလုံးပရိသတ်များသို့ ဇွန်လ ၅ ရက်က မိတ်ဆက်ခဲ့သည်။

ဇွန် ၅ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT က မြန်မာနေရှင်နယ်လိဂ်နှင့်ပူးပေါင်းပြီး MNL ပြိုင်ပွဲနှင့် အသင်းများ၏ နောက်ဆုံးရသတင်းများ၊ ပွဲစဉ်များ၊ ဂိုးရလဒ်များနှင့် ပွဲသုံးသပ်ချက်များကို ဖော်ပြပေးမည့် ဘောလုံးအက်ပလီကေးရှင်းကို စတင်မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

အက်ပလီကေးရှင်းတွင် မြန်မာနေရှင်နယ်လိဂ်အသင်းတစ်သင်းချင်းစီ၏ သတင်းများ၊ ကစားသမားအချက် အလက်များ၊ ပွဲတိုက်ရိုက်ထုတ်လွှင့်မှုများအပြင် အပတ်စဉ်ပွဲခန့်မှန်းပြီး ဘောလုံးသမားများ လက်မှတ် ရေးထိုးထားသည့် ဂျာစီလက်ဆောင်ရယူခြင်းများ ပါဝင်သည်။

ယင်းအက်ပလီကေးရှင်းကို google play store နှင့် MPT လိုတရဝက်ဘ်ဆိုက်မှတစ်ဆင့် ဒေါင်းလုတ် ရယူနိုင်ရုံသာမက *3101# သို့ခေါ်ဆို၍လည်း ဒေါင်းလုတ်လင့်ခ် ရယူနိုင်မည်ဖြစ်ပြီး လတ်တလောတွင် Android ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမည် ဖြစ်သည်။ IOS ဖုန်းများတွင်အသုံးပြုနိုင်ရန်နှင့် အင်္ဂလိပ် ဘာသာဖြင့် အသုံးပြုနိုင်ရန် မကြာမီဆောင်ရွက်မည်ဟု သိရသည်။

MPT သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်အထိ အဓိကစပွန်ဆာအဖြစ် ပံ့ပိုးထားပြီး စာချုပ် သက်တမ်းပြည့်သွားပါကလည်း ယခုအက်ပလီကေးရှင်းကို ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly