ကောင်းမှုကုသိုလ်လုပ်သူများကို ရှိုးပွဲလက်မှတ်များ အလကားပေးမည့် ဂျေဇီနှင့် ဘီယွန်စေးတို့ ဇနီးမောင်နှံ

ကောင်းမှုကုသိုလ်လုပ်သူများကို ရှိုးပွဲလက်မှတ်များ အလကားပေးမည့် ဂျေဇီနှင့် ဘီယွန်စေးတို့ ဇနီးမောင်နှံ

ကမ္ဘာကျော်အဆိုတော်များဖြစ်ကြသည့် ဂျေဇီနှင့် ဘီယွန်စေးတို့ဇနီးမောင်နှံက သူတို့၏ On the Run II ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ ရှိုးပွဲလက်မှတ်များကို ကောင်းမှုကုသိုလ်ပြုလုပ်တတ်သူများအား အလကားဝေငှ သွားမည်ဟု မကြာခင်က ကြေညာခဲ့သည်။

ဂျေဇီနှင့် ဘီယွန်စေးတို့ ဇနီးမောင်နှံသည် Trust and Global Citizen ကမ်ပိန်းကို ၀င်ရောက်ပူးပေါင်းခဲ့ပြီး ကြင်နာတတ်သော၊ ပရဟိတလုပ်ငန်းများလုပ်တတ်သော၊ အခြားလူတစ်ဦးအပေါ် ကောင်းမွန်စွာ ဆက်ဆံ တတ်သောသူများကို လက်မှတ်ချီးမြှင့်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ပရဟိတနှင့် ရန်ပုံငွေပွဲများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါ၀င်ခဲ့သူများအနေဖြင့် သူမတို့နှစ်ဦး၏ ယူကေတွင် ကျင်းပမည့် ရှိုးပွဲတိုင်းအတွက် လက်မှတ်များ အလကားရရှိသွားမည်ဟု သိရသည်။

ဘီယွန်စေးသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က သူမ၏ နယ်လှည့်ဖျော်ဖြေပွဲတုန်းကလည်း The Prince’s Trust  ပရဟိတရန်ပုံငွေအဖွဲ့နှင့်အတူ အလားတူပုံစံမျိုး အလုပ်အတူတွဲလုပ်ခဲ့ဖူးသည်။

“ဘီယွန်စေးဟာ လူငယ်တွေအတွက် တောက်ပတဲ့အနာဂတ်တွေရရှိဖို့ အခွင့်အရေးတွေဖန်တီးခြင်းဟာ အရေးပါတယ်လို့ နားလည်ထားသူတစ်ဦးဖြစ်ပါတယ်” ဟု ယင်းအဖွဲ့၏ အမှုဆောင်အကြီးအကဲ နစ်ခ်စတေ့က ဆိုခဲ့သည်။

ယူကေတွင်ပြုလုပ်မည့် ဘီယွန်စေးနှင့် ဂျေဇီတို့၏ရှိုးပွဲကို လာမည့်ဇွန်လ ၆ ရက်နေ့တွင် ကာဒစ်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ထို့နောက်တွင် အိုင်ယာလန်နှင့် ဥရောပနိုင်ငံများထဲ၌ ဆက်လက်ကျင်းပသွားဖို့ စီစဉ်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags