ဇွန် ၁၂ နံနက် ၉ နာရီ ထရမ့်-ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု အတည်ပြု

ဇွန် ၁၂ နံနက် ၉ နာရီ ထရမ့်-ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု အတည်ပြု

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ပထမဆုံး ထိပ်သီးအစည်းအဝေးကို စင်ကာပူတွင် ဇွန် ၁၂ ရက် နံနက် ကိုးနာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန် ၄ ရက်၌ အိမ်ဖြူတော်က အတည်ပြုပြောသည်။

“စင်ကာပူမှာ ရောက်နေတဲ့ ဖော်ဆောင်ရေးအဖွဲ့ရဲ့ ပြင်ဆင်မှုတွေ နောက်ဆုံးအဆုံးသတ်နေပါပြီ။ ဒီအဖွဲ့အနေနဲ့ အစည်းအဝေး စတဲ့ အချိန်ထိ စင်ကာပူမှာ ရှိနေမှာလည်း ဖြစ်တယ်။”ဟု   ပြန်ကြားရေးအတွင်းဝန် ဆာရတ်ရှ်ဆန်ဒါးစ်က အစည်းအဝေး၏ အချိန်အား ထုတ်ပြန်ရာတွင် ပြောဆိုသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်ပြီးလည်း သမ္မတ ထရမ့်သည် ၎င်း၏ အမျိုးသားလုံခြံုရေးအဖွဲ့ထံမှ နေ့စဉ်အစီရင်ခံမှုကို လက်ခံရရှိနေကြောင်း ဆန်ဒါးစ်က ဆိုသည်။

ကမ္ဘာ့အပြောင်မြောက်ဆုံး စေ့စပ်ညှိနှိုင်းသူ ဖြစ်လာမည်ဟု ၎င်းကိုကို အထက်ပါ အစည်းအဝေးနှင့် ပတ်သက်ပြီး  ထရမ့်က ပြောဆိုထားလင့်ကစား  ထရမ့်သည် မြောက်ကိုရီးယားအကြောင်း၊ လက်နက်ထိန်းချုပ်မှုနှင့် နိုင်ငံတကာသံတမန်ရေးရာများကို အသိနည်းပါးသည်ဟု ပညာရှင်များက စိုးရိမ်သံဖြင့် ပြောဆိုထားသည်။

အတည်ဖြစ်လိုက် ပျက်ပယ်လိုက်ဖြစ်နေခဲ့သော အဆိုပါ ထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားစီမံကိန်းအား စွန့်လွှတ်ရေးတွင် အမေရိကန်က အဓိကအားထုတ်သွားလိမ့်ဖွယ် ရှိသည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်အထိ ပစ်လွှတ်နိုင်သော ဒုံးကျည်ပေါ် တင်ဆောင်စွမ်းသည့် အသေးစား နျူကလီးယားထိပ်ဖူး တီထွင်ထုတ်လုပ်ထားနိုင်ပြီးဖြစ်သည်ဟုလည်း ယူဆထင်မြင်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly