အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး လူစာရင်းထဲ ဆာလတ် ပါဝင်လာ

အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး လူစာရင်းထဲ ဆာလတ် ပါဝင်လာ
(ဓာတ်ပုံ - အီးပီအေ)

ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားအတွက် အီဂျစ်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံးလူစာရင်းကို နည်းပြ ဟက်တာ ကူးပါက တနင်္လာနေ့က ကြေညာခဲ့ရာ ဒီလူစာရင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလတ်လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၆ ရက်နေ့က ရီးယဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသက် ၂၅ နှစ်ရှိ ဆာလတ်ဟာ ဘယ်ဘက်ပခုံး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ ဇွန် ၁၅ ရက်နေ့မှာ ဥရုဂွေးနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ဆာလတ် စတင်ပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိမှာ မသေချာသေးဘူးလို့ သိရပါတယ်။

ဆာလတ်ဟာ ဒီရာသီ လီဗာပူးလ်အသင်းအတွက် ဂိုး ၄၀ ကျော် သွင်းယူထားသလို အီဂျစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားသူလည်းဖြစ်ပါတယ်။

အီဂျစ်အသင်းရဲ့ လူစာရင်းမှာ အသက် ၄၅ နှစ်ရှိ အယ်ဆန် အယ်လ်ဟာဒရီ ပါဝင်လာခဲ့ပြီး သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အကြီးဆုံး ကစားသမားဖြစ်လာပါလိမ့်မယ်။

အီဂျစ်အသင်းဟာ အုပ်စု (A) မှာ ဥရုဂွေး၊ ရုရှား (ဇွန် ၁၉)၊ ဆော်ဒီအာရေဗျ (ဇွန် ၂၅) တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အီဂျစ်အသင်းရဲ့ နောက်ဆုံး ကစားသမား ၂၃ ဦး စာရင်း - Goalkeepers: Essam el-Hadary (Al-Taawoun), Sherif Ekramy (Al Ahly) and Mohamed el-Shenawy (Al Ahly)Defenders: Ahmed Fathi (Al Ahly), Ahmed Elmohamady (Aston Villa), Mohamed Abdel-Shafy (Al-Fateh), Ahmed Hegazi (West Bromwich Albion), Omar Gaber (Los Angeles FC), Saad Samir (Al Ahly), Mahmoud el-Wensh (Zamalek), Ayman Ashraf (Al Ahly) and Aly Gabr (West Bromwich Albion)Midfielders: Tarek Hamed (Zamalek), Mohamed Elneny (Arsenal), Sam Moursy (Wigan), Abdullah el-Said (Al-Ahli Jeddah), Mahmoud Shikabala (Al-Raed), Mahmoud Treziguet (Kasimpasa), Ramadan Soby (Stoke City) and Amr Warda (Atromitos Athen)Forwards: Mohamed Salah (Liverpool), Marwan Mohsen (Al Ahly), Mahmoud Kahraba (Al-Ittihad Club).

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags