ကဘူးလ်တွင် ဘာသာရေးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ အသေခံဗုံးခွဲ၍ လူ ရှစ်ဦးသေဆုံး

ကဘူးလ်တွင် ဘာသာရေးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ အသေခံဗုံးခွဲ၍ လူ ရှစ်ဦးသေဆုံး

ကဘူးလ်၊ ဇွန် ၄ ။             ။ အာဖဂန်နစ္စတန်နို်င်ငံ ကဘူးလ်မြို့တွင် ဇွန် ၄ ရက်က ရာပေါင်းများစွာသော ဘာသာရေးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ အရပ်တွင် အစည်းအဝေး ပြီးဆုံးစအချိန်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ သေဆုံးသူ ရှစ်ဦးအထိ ရှိခဲ့ကြောင်း ရဲက ပြောပါတယ်။

ဒေသစံတော်ချိန် နံနက် ဆယ့်တစ်နာရီခွဲခန့်မှာ ကဘူးလ်အနောက်ပိုင်း ရဲခရိုင်နယ် အမှတ်ငါး နယ်မြေအတွင်း အစည်းအဝေးများနှင့် အခမ်းအနားများအတွက် အစိုးရက အသုံးပြုလေ့ရှိရာ နေရာအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

“အသေခံဗုံးခွဲသမားဟာ ခြေလျင်ပဲ လာရောက်တာဖြစ်ပြီး ဘာသာရေးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေရာ လိုယာဂျာဂါနေရာသို့ ဦးတည်တဲ့ လမ်းမမှာ ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။”ဟု ကဘူးလ်ရဲဌာန ပြောခွင့်ရသူ ဟာရှမတ်စတန်နစ်ဇိုင်းက အီးပီအေသတင်းဌာနသို့ ပြောသည်။

အသေခံဗုံးခွဲသမားပါ သေဆုံးသည့် ယင်းတို်က်ခိုက်မှုအတွင်း ရဲတစ်ဦးအပါအဝင် အခြားသူ ခုနစ်ဦး သေဆုံးခြင်းဖြစ်ကာ ရဲနှစ်ဦးအပါအဝင် ကိုးဦး ဒဏ်ရာရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“နောက်နာရီတွေအတွင်းမှာပဲ သေဆုံးသူ ဦးရေ ထပ်တိုးလာနိုင်တယ်။”ဟု စတန်နစ်ဇိုင်းက ဆိုသည်။

ဘာသာရေးခေါင်းဆောင်များ၏ အစဉ်အလာ ကျင်းပသော အစည်းအဝေးမှ လူများ ထွက်လာချိန်တွင် ဗုံးခွဲခြင်း ဖြစ်ကြောင်း ကဘူးလ်ရဲဌာန အကြီးအကဲ ဒါဝုဒ်အမန်က ပြောခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံအနှံ့မှ ဘာသာရေးခေါင်းဆောင်များနှင့် ပညာတတ်များ တက်ရောက်ကြကာ နိုင်ငံတွင်းက ပဋိပက္ခများ အရေး ဆွေးနွေးကြကာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုသို့ တာလီဘန်တို့ ပါဝင်လာရေးတို့အတွက် တိုက်တွန်းဆော်သြခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly