တတိယအကြိမ်ပင်လုံတွင် လုံခြံုရေးဏ္ဍ ထည့်သွင်းဆွေးနွေးမည်ဟုဆို

တတိယအကြိမ်ပင်လုံတွင် လုံခြံုရေးဏ္ဍ ထည့်သွင်းဆွေးနွေးမည်ဟုဆို
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကို နေပြည်တော်တွင် ကျင်းပခဲ့ပုံအားတွေ့ရစဉ်။

 

ရန်ကုန်၊ ဇွန် ၄ ။         ။ ကျင်းပရက် မသေချာသေးသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ယင်ခင်ညီလာခံမှာ မဆွေးနွေးခဲ့ သည့် လုံခြံုရေးဏ္ဍကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

၂၁ ရာစုပင်လုံအစည်းအဝေးတွင်ဆွေးနွေးရန် ကဏ္ဍကြီးငါးခုမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ လုံခြံုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့ရှိပြီး ဒုတိယပင်လုံတွင် လုံခြံုရေးကဏ္ဍကို မဆွေးနွေးဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ အခုလာမယ့် ညီလာခံမှာ ကဏ္ဍ ၅ ခုလုံး ဆွေးနွေးမှာဖြစ်ပါတယ် ။ လုံခြံုရေးဏ္ဍကို ထည့်သွင်းဆွေးနွေးမယ်” ဟု တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ   ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ဒုတိယအကြိမ်အစည်းအဝေးရှိ ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် လုံခြံုရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့်ပတ်သက်ပြီး တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့နှင့် အငြင်းပွားမှုများ ဖြစ်ကာ မဆွေးနွေးဖြစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် မေလကုန်ပိုင်းတွင် တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့  ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အလွတ်သဘော တွေ့ဆုံပြီး လုံခြံုရေးကဏ္ဍကိုဆွေးနွေးခဲ့ကြသည်။

သို့သော် တွေ့ဆုံဆွေးနွေးမှု အသေးစိတ်အချက်အလက်များကိုမှု ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ လာမည့်ပင်လုံတွင် လုံခြံုရေးကဏ္ဍကို ထည့်သွင်းဆွေးနွေးရန် သဘောတူထားကြောင်းကိုသာ သိရှိရသည်။

ဒုတိယအကြိမ်ပင်လုံတွင် နိုင်ငံရေး ခေါင်းစဉ်အောက်၌ မူဝါဒ သဘောတူ ညီချက် ၁၂ ချက် ချမှတ်နိုင်ခဲ့ပြီး စီးပွားရေးခေါင်းစဉ်အောက်တွင် မူဝါဒသဘောတူ ညီချက် ၁၁ ချက် ၊ လူမှုရေးမူဝါဒသဘောတူ ၄ ချက်၊ မြေယာ ခေါင်းစဉ်အောက်တွင် မူဝါဒသဘောတူ ၁၀ ချက် စုစုပေါင်း သဘောတူညီချက် ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ထားပြီး တတိယအကြိမ်ပင်လုံကို လာမည့် ဇူလိုင်လဆန်းပိုင်းတွင်ကျင်းပကြမည်လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly