မြန်မာပြည်ရဲ ့ပထမဆုံးကားစစ်ဆေးတန်ဖိုးသတ်မှတ်ပေးမယ့် Toyota Aye and Sonsရဲ့ (Assessment service) ၀န်ဆောင်မှု အကြောင်းသင်သိပါသလား?

မြန်မာပြည်ရဲ ့ပထမဆုံးကားစစ်ဆေးတန်ဖိုးသတ်မှတ်ပေးမယ့် Toyota Aye and Sonsရဲ့ (Assessment service) ၀န်ဆောင်မှု အကြောင်းသင်သိပါသလား?

 

လက်ရှိစီးနေတဲ့ ကားကိုရောင်းထုတ်ပြီး ရန်ကုန်မှာ ကားအသစ်ဝယ်စီးဖို ့ စဉ်းစားနေပါသလား? ဒါမှမဟုတ် မိမိစီးနေတဲ့ကားရဲ့အရည်အသွေးအဆင့် (Grade) ဘယ်လောက်ရှိသလဲ သိချင်နေပါသလား?

TOYOTA AYE AND SONS မှ သတင်းကောင်းယူဆောင်လာပါပြီ။  ပြောင်းလဲနေတဲ ့ ကားလောက အခြေအနေတွေကြောင့် ခေါင်းရှုပ်စိတ်ညစ်စရာမလိုတော ့ပါဘူး။ “ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း” (Car Assessment Service)လို ့ခေါ်တဲ ့Toyota အစဉ်အလာမပျက်ထိ်န်းသိမ်းထားတဲ့ အဆင့်မီ ၀န်ဆောင်မှု တစ်ခုကိုTOYOTA AYE AND SONSမှစတင် မိတ်ဆက်လိုက်ပါပြီ။ မြန်မာပြည်မှာပထမဆုံးသော ၀န်ဆောင်မှု ဖြစ်ပါတယ်။

TOYOTA မှ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်စစ်ဆေးသူမှ ဂျပန်အပါအဝင်အာရှအဆင့်မီစစ်ဆေးတဲ့ အတိုင်းသင့်ကားရဲ ့အပြင်ပိုင်း၊ အတွင်းပိုင်း၊ အင်ဂျင်၊ ဖရိန် စတာတွေနဲ ့ပတ်သက်ပြီး အသေးစိတ်အချက်ပေါင်း (၂၀၀) ကျော်ကို အကဲဖြတ်စစ်ဆေးပေးပြီး သင့်ကားရဲ ့အရည်အသွေးအဆင့်သတ်မှတ်ချက် (Grade) နဲ့ ခန့်မှန်း ခြေစျေးကွက်ပေါက်စျေး (Market Price) တို ့ကိုသတ်မှတ်ပေးမှာဖြစ်ပါတယ်။

မည်သည့် ကားအမျိုးအစားကိုမဆို စစ်ဆေးပေးမှာဖြစ်ပြီး သင့်ကားကိုရောင်းထုတ်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ TOYOTA AYE AND SONSနဲ့ ချိတ်ဆက်ထားတဲ့ ရန်ကုန်ကကားအရောင်းစင်တာများနဲ့ ချိတ်ဆက်ပြီးရောင်းချနိုင်ဖို့ လည်းကူညီပေးသွားဦးမှာပါ။ 

ဒီထူးခြားကောင်းမွန်တဲ့ ကားစစ်ဆေးခြင်း ၀န်ဆောင်မှုအတွက် မြန်မာငွေ (၁၄၀၀၀) ကျပ်သာကျသင့်မှာဖြစ်ပြီးTOYOTA AYE AND SONSမှပေးအပ်တဲ့ ကားစစ်ဆေးမှုရလာဒ်မှတ်တမ်း (Assessment Result Sheet) နဲ့အတူ Service Member Card ကိုရရှိမှာဖြစ်ပါတယ်။ TOYOTA AYE AND SONSရဲ့ Premium Member Card ရှိပြီးသားသူတွေအတွက်ကတော့ ကားစစ်ဆေးခြင်းဝန်ဆောင်မှု တစ်ကြိမ် အခမဲ့ ရယူနိုင်ပါတယ်။

ကဲ.. ဒါဆိုဘာကိုစောင့် နေဦးမှာလဲ။ သင့်ကားကို စစ်ဆေးဖို့ အခုပဲအောက်မှာဖော်ပြထားတဲ့ Link ကို ၀င်ရောက်စာရင်းသွင်းလိုက်ပါတော့။ စာရင်းသွင်းပုံသွင်းနည်းအဆင့်ဆင့်(step by step)ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမအဆင့်    ။ အောက်ဖော်ပြပါ TOYOTA AYE AND SONS Link ကို ၀င်ပါ။

                   http://assessment.toyota-myanmar.com/#/login

ဒုတိယအဆင့်   ။ Sign-up and Log-in ပြုလုပ်ပါ။ (စာရင်းသွင်းပြီးမိမိအကောင့်ကို ၀င်ရောက်ပါ။)

တတိယအဆင့်  ။ သင့်ကားအချက်အလက်တွေကို ထည့်သွင်းပါ။

စတုတ္ထအဆင့်   ။ သင်လာရောက်နိုင်မည့် နေ့နှင့်အချိန်ကိုရက်ချိန်း (appointment) ပြုလုပ်ပြီးရယူထားတဲ့ ရက်ချိန်းအတိုင်း TOYOTA AYE AND SONSသို့ လာခဲ့ပါ။

ကားချစ်သူများ ပျော်ရွှင်သောမိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

TOYOTA AYE AND SONS

အသေးစိတ်သိရှိလိုပါက

လိပ်စာ-                                                                                      

Toyota Aye and Sons (T.T.A.S Co.,Ltd.)

No. 87(A), ပုလဲကွန်ဒိုအရှေ့ ,ကမ္ဘာအေးဘုရားလမ်း , ရန်ကုန်မြို့၊

ဖုန်းနံပါတ် - 09954400950, 09954502206,01-400950,01-502206ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly