ဂျေရုဆလင်က အာဂျင်တီးနား-အစ္စရေး ဘောလုံးပွဲမှာ မက်ဆီ ၀င်မကစားရန် ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ် ဆန္ဒဖော်ထုတ်

ဂျေရုဆလင်က အာဂျင်တီးနား-အစ္စရေး ဘောလုံးပွဲမှာ မက်ဆီ ၀င်မကစားရန် ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ် ဆန္ဒဖော်ထုတ်

 

ရမ်မာလက်ရှ်၊ ဇွန် ၄ ။          ။ ဂျေရုဆလင်မှာ ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနား-အစ္စရေး ဘောလုံးပွဲမှာ ဘာစီလိုနာနာမည်ကြီး မက်ဆီ ၀င်မကစားရေး ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့ အကြီးအကဲက တိုက်တွန်းပြီး မက်ဆီ ၀င်ရောက်ကစားခဲ့ပါက ဘာစီလိုနာပရိသတ်များအနေနဲ့ အသင်းတံဆိပ်အင်္ကျီတွေကို မီးရှို့ကြဖို့ ဆော်သြထားပါတယ်။

သိမ်းပိုက်ခံအနောက်ဖက်ကမ်းက အစ္စရေးအိမ်ရာမြေတွေမှာ အခြေစိုက်တဲ့ လိဂ်ခြောက်သင်းရှိတဲ့ အစ္စရေးကို ဒဏ်ခတ်ပိတ်ဆို့ရေး ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရာဂျော့က ရေရှည်တောင်းဆိုနေတဲ့ သူတစ်ဦးပါ။

ဇွန် ၉ ရက်မှာ ချစ်ကြည်ရေးကစားမယ့် အာဂျင်တီးနား-အစ္စရေး ဘောလုံးပွဲမှာ မက်ဆီမပါ၀င်ဖို့ကို အာဂျင်တီးနား အစိုးရထံ တိုက်တွန်းတောင်းဆိုစာ ပေးပို့ထားကြောင်း အနောက်ဖက်ကမ်း ရာမာလက်ရှ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ရာဂျော့က ပြောပါတယ်။

“ဒီဘောလုံးပွဲဟာ နိုင်ငံရေးလက်နက်ဖြစ်လာပြီ။”လို့ ၎င်းက ဆိုပါတယ်။

“ဂျေရုဆလင်ကို အခိုင်အမာပြုဖို့ကို အစ္စရေးအစိုးရဟာ ကြိုးစားလုပ်ဆောင်နေတာပဲ။”လို့ ရာဂျော့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တဲလ်အဗစ်က အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ပြီး အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ လုပ်ရပ်ကြောင့် ပါလက်စတိုင်းတို့အနေနဲ့ စိတ်ဆိုးဒေါသ ဖြစ်နေရတာလည်း  ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly