မန္တလေးတိုင်းအစိုးရအဖွဲ့ ယဉ်ကျေးမှုမျက်နှာစာ လှည့်ကြည့်မှုအားနည်းဟုဆို

မန္တလေးတိုင်းအစိုးရအဖွဲ့ ယဉ်ကျေးမှုမျက်နှာစာ လှည့်ကြည့်မှုအားနည်းဟုဆို

ဇွန် ၃ ။           ။ မန္တလေးတိုင်းအစိုးရအဖွဲ့ဟာ ယဉ်ကျေးမှုမျက်နှာစာ လှည့်ကြည့်မှု သိပ်အားနည်းတယ်လို့ စာရေးဆရာ ဆူးငှက်က ဒီကနေ့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ လင်းရောင်ခြည် စာကြည့်တိုက်နှင့်လူငယ် ဖွံ့ဖြိုးရေးစင်တာ သင်တန်းခန်းမဖွင့်ပွဲနဲ့ ပန်းချီသင်တန်းဆင်းပွဲမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

"ဒီအစိုးရ ယဉ်ကျေးမှုမျက်နှာစာ လှည့်ကြည့်မှု သိပ်အားနည်းတယ်။မရှိသလောက်ပဲ။တော်လှန်ရေးလုပ်နေလည်း ယဉ်ကျေးမှုမျက်နှာစာကို အချိုးညီ လှည့်ကြည့်ရမယ်"လို့ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

ဆက်လက်ပြီးသူက"ရသစာအုပ်တွေ သောင်းချီကုန်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်"လို့လည်း ဆိုပါတယ်။

ရသစာပေ ဖွံ့ဖြိုးတိုးတက်ခဲ့စဉ်က လူယဉ်ကျေးတွေပေါများခဲ့ပြီး ရသစာပေကျဆင်းသွားတဲ့အခါ လူမိုက်တွေပေါလာတာလည်း မဆန်းဘူးလို့ သူကဆိုပါတယ်။

"ကြမ််းတမ်းခက်ထန်နေတဲ့ နိုင်ငံသားတွေရဲ့စိတ်ထဲမှာ နုည့ံသိမ်မွှေ့ပြီး တွေးခေါ်တတ်ဖို့အတွက် ပန်းချီ။ပန်းပု၊စာပေ၊ဂီတ ၊အနုပညာသင်တန်းတွေ ဖွင့်ပေးဖို့ လိုအပ်တယ်"လို့လည်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးကပြောပါတယ်။

လူငယ်ဖွံ့ဖြိုးရေးစင်တာမှာ ပန်းချီ၊ပန်းပု၊ဂီတသင်တန်းတွေအပြင် အင်္ဂလိပ်စာသင်တန်း၊ကွန်ပျူတာသင်တန်းတွေ အခမဲ့ဖွင့်လှစ်သွားမှာဖြစ်သလို ပန်းချီ၊ဓါတ်ပုံ၊စာပေဟောပြောပွဲတွေ ပြုလုပ်လိုပါကလည်း အခမဲ့ ကျင်းပခွင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly