ရခိုင်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ် ဖွဲ့စည်းမည့်အပေါ် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ကြိုဆို

ရခိုင်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ် ဖွဲ့စည်းမည့်အပေါ် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ကြိုဆို

ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် အသစ်တစ်ရပ်ဖွဲ့စည်းရန် သမ္မတ ဦးဝင်းမြင့်၏ ကြေညာချက်အပေါ် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ကြိုဆိုကြောင်း ဇွန်လ ၁ ရက်က တွစ်တာတွင် ရေးသားထားသည်။ 

"အပြည်ပြည်ဆိုင်ရာ ကိုယ်စားပြုအဖွဲ့ဝင် အပါအဝင် အဖွဲ့ဝင်များနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် မျှော်လင့်ပါကြောင်းနှင့် ရက်စက်သည့် လုပ်ရပ်များကို စုံစမ်စစ်ဆေးနိုင်ရန် လွတ်လပ်ပြီး၊ ပွင့်လင်းမြင်သာသည့် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုမျိုး ဖြစ်ရပါမည်"ဟု နိုင်ငံခြားရေး ၀န်ကြီးက ရေးသားပြောဆိုထားသည်။

မေလ ၃၁ ရက်နေ့က ARSA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို စုံစမ်းရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းသွားမည်ဟု နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကော်မရှင်ကို အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာအစိုးရမှ ဖွဲ့စည်းသွားမှာဖြစ်ပြီး ကော်မရှင်၌ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင်(၃)ဦးပါဝင်မည်ဖြစ်ကာ ယင်းကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများက ပ့ံပိုးပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ဟာ အင်ဒို-ပစိဖိတ် မဟာဗျူဟာဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ စပ်လျဉ်း၍ မြန်မာအစိုးရဘက်မှ မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်နှစ်ခုကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

အဆိုပါကော်မရှင်မှ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ပတ်သက်နေသည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly