တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာ အောင်ချက် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်းရှိ

တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာ အောင်ချက် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်းရှိ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၂ ။         ။ တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲ ဖြေဆိုသူ ရ၈၉၈၄၅ ယောက်ရှိသည့်အနက် အောင်မြင်သူ    ၂၅၉၁၉၁ ယောက်ရှိပြီး အောင်ချက် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်း ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်ချက်များတွင် မန္တလေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၃၈ ဒဿမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၇ ဒဿမ ၅၅ ရာခိုင်နှုန်း ၊ မွန်ပြည်နယ်မှ ၃၇ ဒဿမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

ချင်းပြည်နယ်သည် ၁၆ ဒဿမ ၆၄ ရာခိုင်နှုန်းဖြင့် အောင်ချက်ရာခိုင်နှုန်း အနည်းဆုံးရရှိခဲ့ပြီး ဒုတိယအောင်ချက် အနည်းဆုံးအဖြစ် ရှမ်းပြည်နယ် (အရှေ့) မှ အောင်ချက် ၁၉.၃၃ ရာခိုင်နှုန်း ရရှိခဲ့သည်။

တစ်နိုင်ငံလုံးအမှတ်အများဆုံး(၁၀)ဦးစာရင်းတွင် အထက(၁) ဒဂုံမှ မသင်းမြနွေး က အမှတ် (၅၅၃) ဖြင့် ပထမနေရာရရှိခဲ့ပြီး အဆိုပါစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၈ ဦးရရှိပြီး မန္တလေးတိုင်းဒေသကြီး မှ ၂ ဦး ပါဝင်ခဲ့သည်။

ယမန်နှစ် ၂၀၁၇ ဆယ်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်းအဖြစ် ၃၃ ဒဿမ ၈၉ ရာခိုင်နှုန်းရရှိခဲ့သော်လည်း ယခုနှစ် ဆယ်တန်းစာမေးပွဲတွင် အောင်ချက်  ၃၂ ဒဿမ ၈၂ ရရှိခဲ့ပြီး အောင်ချက် ၁ ဒဿမ ၀၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly