ထိုင်းကုန်ပစ္စည်းများအပါအဝင် မြန်မာ-ထိုင်းရုပ်ရှင်များ၊ အနုပညာရှင်များပါ တက်ရောက်မည့် Top Thai Brand 2018 ကျင်းပမည်

ထိုင်းကုန်ပစ္စည်းများအပါအဝင် မြန်မာ-ထိုင်းရုပ်ရှင်များ၊ အနုပညာရှင်များပါ တက်ရောက်မည့် Top Thai Brand 2018 ကျင်းပမည်

ဇွန် ၁။   ။ ထိုင်းနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများအပါအဝင် မြန်မာ-ထိုင်းရုပ်ရှင်များ၊ အနုပညာရှင်များပါ တက်ရောက် မည့် Top Thai Brand 2018 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့် ဇွန်လ ရ ရက်မှ ၁၀ ရက်နေ့အထိ အစားအစာနှင့် အဖျော်ယမကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှကုန်ပစ္စည်းများ၊ ဆေး ပစ္စည်းကိရိယာများ၊ အိမ်အလှဆင်ပစ္စည်းများ၊ ဖက်ရှင်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးရုံနှင့် ကျောင်းဝန်ဆောင် မှုများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ထုတ်ပိုးစက်ယန္တရားနှင့် ပစ္စည်းကိရိယာ များ စသည့် ထိုင်းနိုင်ငံထုတ် ကုန် ပစ္စည်းအမျိုးအမည် ၉၈ မျိုးကို ဆိုင်ခန်းပေါင်း ၁၁၇ ခန်းဖြင့် တပ်မတော် ခန်းမတွင် ပြသရောင်းချသွားမည်ဖြစ်သည်။

"ပြပွဲကျင်းပရခြင်းက နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတိုးတက်လာအောင် ဒီပြပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ ထိုင်း နိုင်ငံကနေ လာတဲ့သူတွေကလည်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့အတူ နှစ်ဖက်အကျိုးစီးပွားတွေ ရရှိသွားမှာဖြစ်ပါတယ်" ဟု Mr. Pakainay Leng-EE (Minister Counselor (Commercial) DITP) က မေ ၃၀ ရက် ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် မြန်မာနှင့်ထိုင်း ဆက်စပ်သော ဘန်ကောက်မှ မန္တလေး (From Bangkok to Mandalay) ကဲ့သို့ ရုပ် ရှင်များနှင့် ထိုင်းရုပ်ရှင်များကိုပါ ပြသသွားမည်ဖြစ်ပြီး မြန်မာအနုပညာပညာရှင်များကိုလည်း ဖိတ်ကြားထား ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့၊ ရေထွက်ကုန်ပစ္စည်းများ၊ သတ္ထုနှင့် သတ္ထုရိုင်းများ၊ ပဲမျိုးစုံနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပို ပစ္စည်းများ၊ ရေနံထွက်ကုန်များ၊ ပလတ်စတစ်ကုန်ကြမ်း၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ အလှကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကဖော က ပြောသည်။

"နောင်လာမယ့်နှစ်တွေမှာလည်း နှစ်နိုင်ငံ ကုန်သွယ်မှုရင်းနှီးမြုပ်နှံမှုပမာဏများပြားလာအောင် ရင်နှီးမြှပ်နှံမှု ပမာဏတွေများလာအောင် ပူပေါင်းဆောင်ရွက်သွားမယ်။ အခုလိုကုန်စည်ပြပွဲများ မြန်မာနိုင်ငံမှာ လာရောက် ကျင်းပသလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ကုန်စည်ပြပွဲများကိုလည်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ၊ SME လုပ်ငန်းရှင် များ၊ လေ့လာသူများ သွားရောက်နိုင်အောင် ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၉၉၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ကာ ၁၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား လက်ရှိအချိန်ထိ ဆောင်ရွက်လျက်ရှိသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၇- ၂၀၁၈ခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၅ဘီလီယံ ရှိပြီး သံတမန် ဆက်ဆံရေး နှှစ် ရ၀ပြည့်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly