မှောင်ခိုသွင်းလာတဲ့ တန်ဖိုးကြီးကား၊ ဆိုင်ကယ်တွေကို မြေတူးစက်နဲ့ နင်းခြေဖျက်ဆီးပစ်တဲ့ ပွဲ သမ္မတ ဒူတာတေး ကိုယ်တိုင် တက်ရောက်အားပေး

မှောင်ခိုသွင်းလာတဲ့ တန်ဖိုးကြီးကား၊ ဆိုင်ကယ်တွေကို မြေတူးစက်နဲ့ နင်းခြေဖျက်ဆီးပစ်တဲ့ ပွဲ သမ္မတ ဒူတာတေး ကိုယ်တိုင် တက်ရောက်အားပေး

မေ ၃၁ ။                          ။ ဖိလစ်ပိုင်နိုင်ငံမှာတော့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေးဦးဆောင်တဲ့ အစိုးရအဖွဲ့က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေလျက်ရှိရာမှာတော့ ယခုအခါမှာလည်း နိုင်ငံထဲကို တရားမဝင် နည်းလမ်းနဲ့ တင်သွင်းလို့ ရောက်ရှိလာတဲ့ တန်ဖိုးကြီး ယာဉ် စီးရေ ၁၀၀ ကျော်ကို မြေတူးစက်နဲ့ နင်းခြေဖျက်ဆီးပစ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်နေ့က မနီလာမြို့မှာ ပြုလုပ်တဲ့ အဆိုပါ တရားမဝင် တင်သွင်းလာတဲ့ ဇိမ်ခံ ကားတွေ၊ ဆိုင်ကယ်တွေကို မြေတူးစက်နဲ့ နင်းခြေ ဖျက်ဆီးခိုင်းတဲ့ အခမ်းအနားတစ်ရပ်မှာတော့ သမ္မတ ဒူတာတေးကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ အခွန်ရှောင်လွဲသူတွေကို အထူးပစ်မှတ်ထားအရေးယူသွားဖို့ ရှိနေပြီး အထူးသဖြင့် အကောက်ခွန်အရာရှိတွေအကြား အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြုတ်အောင် တိုက်ထုတ်မယ်ဆိုပြီး ပြည်သူကို ပေးထားတဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်နေလျက်ရှိပါတယ်။

ယခုတစ်ကြိမ် ဖျက်ဆီးပစ်ခဲ့တဲ့ တန်ဖိုးကြီး ယာဉ်တွေထဲမှာတော့ Mitsubishi Pajero ၊ Land Rovers ၊ Volvo ကားတွေအပြင် တန်ဖိုးကြီး ဆိုင်ကယ်ပေါင်းများစွာပါ ပါ၀င်သွားခဲ့ပါတယ်။

ယခုလို ဖျက်ဆီးခိုင်းခဲ့တဲ့ တန်ဖိုးကြီး ယာဉ်တွေရဲ့ စုစုပေါင်းတန်ဖိုးကတော့ ဖိလစ်ပိုင် ပီဆို ၃၄ ဒသမ ရ၁ သန်း ခန့်ရှိတယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly